ပဋိပကၡေတြ ျဖစ္ပြားလို႔ သီရိလကၤာမွာ လံုၿခံဳေရး တင္းက်ပ္

0
904

သီရီလကၤာႏိုင္ငံ၊ ကႏၵီၿမိဳ႕လယ္မွာ လူအုပ္စုတစ္စုက မြတ္စလင္တစ္ဦးပိုင္ ေစ်းဆိုင္ကို မီး႐ိႈ႕ၿပီးေနာက္ ဆင္ဟလီ ဗုဒၶဘာသာဝင္ေတြနဲ႔ မြတ္စလင္ေတြ ပဋိပကၡျဖစ္ပြားလို႔ မေန႔ မတ္လ ၅ ရက္ေန႔က ရဲနဲ႔ လံုၿခံဳေရးတပ္ဖြဲ႔ေတြ ေစလႊတ္ဟန္႔တားထားၿပီး ညမထြက္အရ အမိန္႔လည္း ထုတ္လိုက္ပါတယ္။

မြတ္စလင္ေတြက အတင္းအက်ပ္ ဘာသာေျပာင္းခိုင္းတယ္၊ ေရွးေဟာင္း အေမြအႏွစ္ ေနရာေတြကို ဖ်က္ဆီးတယ္လို႔ သေဘာထားတင္းမာတဲ့ ဗုဒၶဘာသာဝင္ အုပ္စုေတြက စြပ္စြဲၿပီးေနာက္ ပဋိပကၡေတြ မႏွစ္ကတည္းက ျဖစ္ပြားခဲ့ၿပီး အခု တေက်ာ့ျပန္ ျဖစ္လာတာ ျဖစ္ပါတယ္။

မြတ္စလင္ေတြေၾကာင့္ ဆင္ဟလီ လူငယ္တစ္ဦး ေသဆံုးမႈျဖစ္ၿပီးေနာက္ မတ္လ ၄ ရက္ေန႔က မြတ္စလင္ပိုင္ ေစ်းဆိုင္တစ္ဆိုင္ကို မီး႐ိႈ႕ခဲ့ၾကတာ ျဖစ္ပါတယ္။ သီရီလကၤာႏိုင္ငံရွိ လူဦးေရ ၂၁ သန္းမွာ ဗုဒၶဘာသာက ၇၀ ရာခိုင္ႏႈန္း၊ ဟိႏၵဴဘာသာဝင္က ၁၃ ရာခုိင္ႏႈန္းနဲ႔ မြတ္စလင္က ၉ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>

ပဋိပက္ခတွေ ဖြစ်ပွားလို့ သီရိလင်္ကာမှာ လုံခြုံရေး တင်းကျပ်

သီရီလင်္ကာနိုင်ငံ၊ ကန္ဒီမြို့လယ်မှာ လူအုပ်စုတစ်စုက မွတ်စလင်တစ်ဦးပိုင် ဈေးဆိုင်ကို မီးရှို့ပြီးနောက် ဆင်ဟလီ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ ပဋိပက္ခဖြစ်ပွားလို့ မနေ့ မတ်လ ၅ ရက်နေ့က ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်ဟန့်တားထားပြီး ညမထွက်အရ အမိန့်လည်း ထုတ်လိုက်ပါတယ်။

မွတ်စလင်တွေက အတင်းအကျပ် ဘာသာပြောင်းခိုင်းတယ်၊ ရှေးဟောင်း အမွေအနှစ် နေရာတွေကို ဖျက်ဆီးတယ်လို့ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင် အုပ်စုတွေက စွပ်စွဲပြီးနောက် ပဋိပက္ခတွေ မနှစ်ကတည်းက ဖြစ်ပွားခဲ့ပြီး အခု တကျော့ပြန် ဖြစ်လာတာ ဖြစ်ပါတယ်။

မွတ်စလင်တွေကြောင့် ဆင်ဟလီ လူငယ်တစ်ဦး သေဆုံးမှုဖြစ်ပြီးနောက် မတ်လ ၄ ရက်နေ့က မွတ်စလင်ပိုင် ဈေးဆိုင်တစ်ဆိုင်ကို မီးရှို့ခဲ့ကြတာ ဖြစ်ပါတယ်။ သီရီလင်္ကာနိုင်ငံရှိ လူဦးရေ ၂၁ သန်းမှာ ဗုဒ္ဓဘာသာက ၇၀ ရာခိုင်နှုန်း၊ ဟိန္ဒူဘာသာဝင်က ၁၃ ရာခိုင်နှုန်းနဲ့ မွတ်စလင်က ၉ ရာခိုင်နှုန်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)