ဖရန္႔စ္ မက္ခ္ေဒါမန္႔ရဲ႕ ေအာ္စကာဆုကို ခိုးယူခဲ့သူကို ဖမ္းမိ

0
868

အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆုရ ဖရန္႔စ္ မက္ခ္ေဒါမန္႔ရဲ႕ ေအာ္စကာဆုကုိ ခုိးယူတယ္လုိ႔ သံသယရွိသူတစ္ဦးကို ဖမ္းဆီးလိုက္တယ္လို႔ အေမရိကန္ ေလာ့စ္အိန္ဂ်လိစ္ ရဲေတြက ေျပာပါတယ္။  

မင္းသမီး မက္ခ္ ေဒါမန္႔ဟာ မတ္လ ၄ ရက္ေန႔က က်င္းပခဲ့တဲ့ ေအာ္စကာဆုေပးပြဲအၿပီးမွာ သူရဲ႕ ေအာ္စကာဆု ခိုးယူခံရတာ ျဖစ္ပါတယ္။ ေအာ္စကာဆုကို တယ္ရီဘရမ့္ (၄၇ ႏွစ္) က ခုိးယူခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္မွာ အာမခံအျဖစ္ အေမရိကန္ေဒၚလာ ၂ ေသာင္းနဲ႔ ျပန္လႊတ္ေပးထားေပမယ့္ အမႈရင္ဆိုင္ရမွာ ျဖစ္ပါတယ္။  

မင္းသမီး မက္ခ္ ေဒါမန္႔က သ႐ုပ္ေဆာင္ေလာကထဲ ျပန္ဝင္ခဲ့ၿပီး မၾကာမီမွာပဲ အေကာင္းဆံုး အမ်ိဳးသမီး သ႐ုပ္ေဆာင္ဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။ မက္ခ္ ေဒါမန္႔ရဲ႕ ကိုယ္စားလွယ္က လက္ရွိအခ်ိန္မွာ မက္ခ္ ေဒါမန္႔နဲ႔ ေအာ္စကာဆုတုိ႔ ျပန္လည္ ေပါင္းစည္းႏုိင္ခဲ့ၿပီလုိ႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>

ဖရန့်စ် မက်ခ်ဒေါမန့်ရဲ့ အော်စကာဆုကို ခိုးယူခဲ့သူကို ဖမ်းမိ

အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုရ ဖရန့်စ် မက်ခ်ဒေါမန့်ရဲ့ အော်စကာဆုကို ခိုးယူတယ်လို့ သံသယရှိသူတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ အမေရိကန် လော့စ်အိန်ဂျလိစ် ရဲတွေက ပြောပါတယ်။

မင်းသမီး မက်ခ် ဒေါမန့်ဟာ မတ်လ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ အော်စကာဆုပေးပွဲအပြီးမှာ သူရဲ့ အော်စကာဆု ခိုးယူခံရတာ ဖြစ်ပါတယ်။ အော်စကာဆုကို တယ်ရီဘရမ့် (၄၇ နှစ်) က ခိုးယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အာမခံအဖြစ် အမေရိကန်ဒေါ်လာ ၂ သောင်းနဲ့ ပြန်လွှတ်ပေးထားပေမယ့် အမှုရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

မင်းသမီး မက်ခ် ဒေါမန့်က သရုပ်ဆောင်လောကထဲ ပြန်ဝင်ခဲ့ပြီး မကြာမီမှာပဲ အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ မက်ခ် ဒေါမန့်ရဲ့ ကိုယ်စားလှယ်က လက်ရှိအချိန်မှာ မက်ခ် ဒေါမန့်နဲ့ အော်စကာဆုတို့ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပြီလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)