အီရန္ ႏ်ဴကလီးယား သေဘာတူညီခ်က္ ပ်က္ျပားမႈက ႀကီးမားတဲ့ ဆံုး႐ံႈးမႈ ျဖစ္လာႏုိင္

0
847

အီရန္ ႏ်ဴကလီယား သေဘာတူညီခ်က္ ပ်က္ျပားမႈဟာ ႀကီးမားတဲ့ ဆံုး႐ံႈးမႈေတြ ျဖစ္လာႏုိင္တယ္လို႔ ကုလမဂၢ ႏိုင္ငံတကာအႏုျမဴစမ္းအင္ ေအဂ်င္စီ အႀကီးအကဲ ယူကီယာ အာမာႏိုက အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္ကို သတိေပး ေျပာဆုိလုိက္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္က အီရန္နဲ႔ ကမာ႔ ၻအင္အားႀကီး ၆ ႏိုင္ငံၾကား ခ်ဳပ္ဆုိတဲ့ ႏ်ဴကလီယား သေဘာတူ စာခ်ဳပ္ကေန ႏုတ္ထြက္မယ္လုိ႔ ၿခိမ္းေျခာက္မႈေတြ ရွိေနပါတယ္။ အေမရိကန္သမၼတက စာခ်ဳပ္အတြင္း အခ်ိန္ ကန္႔သတ္ခ်က္ေတြ ရွိေနတာကို ႏွစ္သက္မႈ မရွိဘူးလို႔ အေမရိကန္ မီဒီယာေတြက ေဖာ္ျပပါတယ္။

ေဒၚနယ္ ထရမ့္ အေမရိကန္ သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္း အီရန္ႏုိင္ငံဟာ စာခ်ဳပ္ အကန္႔အသတ္ အတြင္းသာ ရွိေနခဲ့ပါတယ္။ အီရန္ ႏ်ဴကလီယား သေဘာတူစာခ်ဳပ္နဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ အီရန္ႏုိင္ငံၾကားလည္း အျပန္လွန္ ျပစ္တင္ေဝဖန္မႈေတြ ျမင့္တက္ေနကာ သေဘာတူညီခ်က္ ပ်က္ျပားမွာကို စိုးရိမ္ေနၾကပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အီရန် နျူကလီးယား သဘောတူညီချက် ပျက်ပြားမှုက ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်လာနိုင်

အီရန် နျူကလီယား သဘောတူညီချက် ပျက်ပြားမှုဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့ ကုလမဂ္ဂ နိုင်ငံတကာ အနျူမြူစွမ်းအင် အေဂျင်စီ အကြီးအကဲ ယူကီယာ အာမာနိုက အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်ကို သတိပေး ပြောဆိုလိုက်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နဲ့ ကမာ့ ္ဘအင်အားကြီး ၆ နိုင်ငံကြား ချုပ်ဆိုတဲ့ နျူကလီယား သဘောတူ စာချုပ်ကနေ နုတ်ထွက်မယ်လို့ ခြိမ်းခြောက်မှုတွေ ရှိနေပါတယ်။ အမေရိကန်သမ္မတက စာချုပ်အတွင်း အချိန် ကန့်သတ်ချက်တွေ ရှိနေတာကို နှစ်သက်မှု မရှိဘူးလို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

ဒေါ်နယ် ထရမ့် အမေရိကန် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း အီရန်နိုင်ငံဟာ စာချုပ် အကန့်အသတ် အတွင်းသာ ရှိနေခဲ့ပါတယ်။ အီရန်နျူကလီယား သဘောတူစာချုပ်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ အီရန်နိုင်ငံကြားလည်း အပြန်လှန် ပြစ်တင်ဝေဖန်မှုတွေ မြင့်တက်နေကာ သဘောတူညီချက် ပျက်ပြားမှာကို စိုးရိမ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)