
0
252




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကျူဘားရှိ အမေရိကန် သံရုံးဝန်ထမ်း ၆၀ ရာခိုင်နှုန်းအထိ လျှော့ချမယ်

ကျူးဘားနိုင်ငံရှိ အမေရိကန်သံရုံးက ဝန်ထမ်းအရေအတွက် ၆၀ ရာခိုင်နှုန်း လျှော့ချသွားမယ့် အမေရိကန် ဆုံးဖြတ်ချက်ကို ကျူးဘား အကြီးတန်းအရာရှိ တစ်ဦးက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

ကျူးဘားရှိ အမေရိကန် သံရုံးက သံတမန်တွေဟာ ထူးဆန်းပြီး အဖြေရှာမရတဲ့ ဖျားနာမှုတွေ ရှိခဲ့တာကို တုံ့ပြန်မှုအဖြစ် အမေရိကန်က သံရုံးဝန်ထမ်း အရေအတွက်ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျူးဘား အစိုးရအဖွဲ့ အကြီးတန်းအရာရှိ ကာလိုစ့် ဖာနန်ဒက်ဇ် ဒီ ကို့စ်စီအိုက ဆုံးဖြတ်ချက်ဟာ သံတမန်တွေ ဘေးကင်းဖို့ လုပ်ဆောင်နိုင်မှာ မဟုတ်သလို နိုင်ငံရေးက ဆုံးဖြတ်ချက်တွေ ဖြစ်လာစေဖို့ လှုံ့ဆော်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ သံရုံးဝန်ထမ်း လျှော့ချမှုက သံရုံးဝန်ဆောင်မှု လုပ်ငန်းတွေကို ထိခိုက်လာနိုင်ဖွယ် ရှိနေပြီး အမေရိကန် နိုင်ငံသားတွေ ခရီးသွားဖို့ အခက်အခဲတွေ ပိုမိုဖြစ်လာစေနိုင်တယ်လို့ ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)