
0
257


 




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တောင်ကိုရီးယားနဲ့ ပိုမို နီးစပ်ဖို့ မြောက်ကိုရီးယားလိုလား

မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယားနိုင်ငံနဲ့ နီးစပ်မှု ပိုမိုရှိစေဖို့ လိုလားနေတယ်လို့ မြောက်ကိုရီးယား သတင်းဌာန ကေအမ်စီအေက ဖော်ပြပါတယ်။

တောင်ကိုရီးယား အစိုးရအဖွဲ့ အကြီးတန်းအရာရှိတွေဟာ မြောက်ကိုရီးယား နိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီးနောက် အခုလို သတင်းတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် တာဝန်ယူပြီးနောက် ပထမဆုံးအနေနဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး နောက်ထပ် ဆွေးနွေးမှုတွေအတွက် ကျေနပ်လောက်တဲ့ သဘောတူညီမှုတွေ ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာက ဖော်ပြခဲ့ပါတယ်။

အမေရိကန် နိုင်ငံကတော့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ဆက်ဆံရေး ကောင်းမွန်မှုအပေါ် အပြုသဘော ရှုမြင်မှုတွေ ရှိပေမယ့် မြောက်ကိုရီးယားဘက်က နျူကလီယားနဲ့ ဒုံးကျည် အစီစဉ်ကို စွန့်လွှတ်မှု မရှိဘူးဆိုရင် ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)