ဂျာမနီရဲ့အပြုအမူတွေက နာဇီခေတ်နဲ့ တူနေကြောင်း တူရကီသမ္မတ စွပ်စွဲပြောဆို

0
298

ဂျာမနီနိုင်ငံမှာရှိတဲ့ တူရကီလူမျိုး ၁.၅သန်းအနက် တူရကီသမ္မတ အီဒိုဂန်ကို ထောက်ခံသူတွေ နိုင်ငံရေးအရ စုရုံးမှုကို ဂျာမနီနိုင်ငံ က ပယ်ဖျက်ခဲ့တာနဲ့ ပတ်သက်ပြီး သမ္မတအီဒိုဂန်က ဂျာမနီရဲ့အပြုအမှုဟာ ဖက်ဆစ်နာဇီဆန်ကြောင်း ပြောဆိုလိုက်ပါတယ်။

တူရကီသမ္မတ အီဒိုဂန်ရဲ့ပြောဆိုမှုကြောင့် ဂျာမနီနိုင်ငံရေးသမားတွေ တုန်လှုပ်ပြီး ဒေါသပေါက်ကွဲခဲ့ကြပါတယ်။ ဂျာမန်တရားရေး ၀န်ကြီး ဟိုက်ကိုမာစ်က အီဒိုဂန်ရဲ့မှတ်ချက်ဟာ ကျက်သရေမရှိသလို အတော်ကြီးကို့ယို့ကားယားနိုင်ကြောင်းနဲ့ ဂျာမနီက တစ်ခု ခုတုံ့ပြန်လာအောင် စကားလုံးတွေနဲ့ လှုံဆော်နေ တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ အီဒိုဂန်ကို ဂျာမနီလာရောက်ခွင့် ပိတ်ပင်တာမျိုးနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်တာမျိုးတွေ မလုပ်ဖို့ တရားရေးဝန် ကြီး ဟိုက်ကိုမာစ်က သတိပေးပြောဆိုခဲ့ပါတယ်။ အဲဒီလို တင်းတင်းမာမာနဲ့ သံတမန်ဆက်ဆံရေးပါ ဖြတ်တောက်လိုက်မယ်ဆို ရင် တူရကီအစိုးရဟာ ရုရှားနဲ့ ပိုပြီး နီးကစ်သွား စေမှာဖြစ်ပြီး အဲဒီရလဒ်မျိုး ဘယ်သူမှလိုချင်ကြမှာမဟုတ်ပါဘူးလို့ သူက ဆက် လက်ပြောဆိုခဲ့ပါတယ်။

ဂျာမနီဝန်ကြီးချုပ် အန်ဂျယ်လာမာခေးလ်ရဲ့ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ (CDU) ပါတီက တူရကီသမ္မတဟာ ကလေးဆိုးတစ် ယောက်လို လုပ်နေတာပါ။ သူဒီလိုနည်းလမ်းမျိုးနဲ့ သွားလို့မရပါဘူး။ ဂျာမနီနိုင်ငံက မြို့ကြီးတွေမှာ တူရကီနိုင်ငံသားတွေရဲ့ နိုင်ငံရေးအရ စုစည်းမှုနှစ်ခုကို ပြီးခဲ့တဲ့ နှစ်ပတ်ခန့်က ဂျာမနီအာဏာပိုင်တွေ က စုရုံးခွင့်ပိတ်ပင်ခဲ့ပါတယ်။

အဲဒီနိုင်ငံသားတွေက သမ္မတအီဒိုဂန်ကို ထောက်ခံတဲ့အနေနဲ့ စုဝေးကြတာဖြစ်ပါတယ်။ လုံခြုံရေး အရ အဆိုပါစုရုံးခွင့်တွေကို ပိတ်ပင်ခဲ့တာလို့ ဂျာမနီအာဏာပိုင်တွေက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)