မြန်မာနဲ့ ဗီယက်နမ် စစ်ရေး ပူးပေါင်းမှု တိုးမြှင့် ဆောင်ရွက်မယ်

0
266

မြန်မာနဲ့ ဗီယက်နမ် ကာကွယ်ရေးဆိုင်ရာ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် ကြဖို့ နှစ်ဖက် အဆင်ြ့မင့် အရာရှိတွေ သဘောတူလိုက်ကြပါတယ်။

ဗီယက်နမ်ကို လေးရက်ကြာ အလည်အပတ်ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဗီယက်နမ် ကာကွယ်ရေး ဝန်ကြီး ငိုဇွန်လင်း ယနေ့ မတ်လ ၆ ရက်နေ့မှာ သဘောတူလိုက်ကြတာပါ။

၂၀၁၁ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးချက်အပေါ် အခြေခံပြီးတော့ နှစ်ဖက် စစ်တပ်များဟာ အဆင့်တိုင်းမှာ ကိုယ်စားလှယ်များ အပြန်အလှန်ထားရှိခြင်း၊ အရာရှိငယ်များ အပြန်မအလှန်စေလွှတ်ခြင်း၊ ဗီယက်နမ်နဲ့ မြန်မာ ဘာသာစကား သင်တန်းများ ပေးခြင်း၊ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ခြင်းတွေ အကောင်အထည် ဖော်ခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)