အိုဘားမားအပေါ် သမ္မတထရန့်ရဲ့ စွပ်စွဲချက် မမှန်ကန်ကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲပြော

0
266

သမ္မတဟောင်း မစ္စတာဘားရက်အိုးဘားမားက မိမိရဲ့ဖုန်းကို ကြားဖြတ်နားထောင်ခဲ့တယ်လို့ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရန့် ရဲ့ စွပ်စွဲချက်ဟာ မှားယွင်းကြောင်း အက်ဖ်ဘီအိုင် အကြီးအကဲဖြစ်သူ ဂျိမ်းကွန်းနေးက ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲကာလအတွင်း ထရန့်ရဲ့ဖုန်းကိုကြားဖြတ်နားထောင်ဖို့ အက်ဖ်ဘီအိုင်ကို မစ္စတာအိုဘားမားကအမိန့်ပေး ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချပေးဖို့ မစ္စတာကွန်နေးက အမေရိကန် တရားရေးဌာနကို ပြောဆိုလိုက်တာဖြစ်ပါတယ်။

အဆိုပါ မှားယွင်းစွပ်စွဲချက်ကြောင့် အက်ဖ်ဘီအိုင်အနေနဲ့ ဥပဒေချိုးဖောက်ခဲ့တဲ့ သဘောဖြစ်နေတာကြောင့် အမှန်အတိုင်းဖြေရှင်းဖို့ မစ္စတာကွန်နေးက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

မစ္စတာကွန်နေးရဲ့တောင်းဆိုမှုအပေါ် အမေရိကန် တရားရေးဌာနက တုံ့ပြန်တဲ့အနေနဲ့ ဘယ်လိုထုတ်ပြန်ချက်မျိုးမှ မထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ မစ္စတာထရန့်ရဲ့ စွပ်စွဲချက်မှာ ဘယ်လိုအထောက်အထား သက်သေမှ မရှိဘူးလို့ မစ္စတာကွန်နေးက ယုံကြည်နေပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတလို့ ပြောရမယ့် ဒေါ်နယ်လ်ထရန့် သမ္မတဖြစ်လာဖို့အတွက် ရွေးကောက်ပွဲကာလမှာ ရုရှားနိုင်ငံရဲ့ ကြား ၀င်နှောင့်ယှက်မှု တွေရှိခဲ့ကြောင်း စွပ်စွဲချက်တွေထွက်ပေါ်ခဲ့ပြီး မစ္စတာထရန့်က အဲဒီစွပ်စွဲချက်တွေကို အပြင်းအထန် ငြင်းဆိုနေပါတယ်။

ဒီလိုအငြင်းပွားဖွယ်ရာ အဖြစ်အပျက်တွေဖြစ်နေချိန်မှာ မစ္စတာထရန့်က ဘာအထောက်အထားမှ မရှိဘဲနဲ့ မနှစ်က သူ့ရဲ့ ဖုန်းကို အိုဘားမားက ကြားဖြတ်နားထောင်ခဲ့တယ်လို့ တန်ပြန်စွပ်စွဲပြောဆို လိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)