အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် မှုခင်းများ တိုက်ဖျက်ရေး ဌာန ဖွင့်မယ်

0
259

အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော် မူခင်းများ တိုက်ဖျက်ရေးနဲ့ သတင်းအချက်အလက်များ မျှဝေရေးအတွက် ဒေသတွင်းဌာနတခု လာမယ့်နှစ်မှာ ထူထောင်ဖို့ ရှိပါတယ်။

နယ်စပ်ဖြတ်ကျော် မူခင်းများကို တားဆီးနှိမ်နင်းနိုင်ရေးအတွက် နိုင်ငံဖြတ်ကျော် မူခင်းများ တိုက်ဖျက်ရေး ဌာနကို ဖွင့်လှစ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာဆီယံရေးရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် ဆူရိယ ဂျင်ဒါဝန်းကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်း၊ အမေရိကန်၊ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု တိုက်ဖျက်ရေး ကုလသမဂ္ဂရုံးတို့က ဦးဆောင်ပြီး အာဆီယံနိုင်ငံများနဲ့ ဥရောပနိုင်ငံများ အကြား သတင်းအချက်အလက် မျှဝေရေး အစီအစဉ်ကို လုပ်ဆောင်တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဆီယံ ၁၀ နိုင်ငံနဲ့ အမေရိကန်၊ တရုတ်တို့က နိုင်ငံဖြတ်ကျော် မူခင်းများဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ဖို့ လက်ခံထားပါတယ်။ အဲဒီ နိုင်ငံဖြတ်ကျော် မူခင်းများတိုက်ဖျက်ရေး ဌာနကို ဘယ်မှာ ဖွင့်မယ်ဆိုတာလည်း ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)