မြောက်ကိုရီးယား သံအမတ်ကို မလေးရှား နှင်ထုတ်

0
258

ကင်ဂျုံနမ် လုပ်ကြံခံရမှု စုံစမ်းစစ်ဆေးနေမှု အပေါ် မြောက်ကိုရီးယားက ဝေဖန်ပြစ်တင် စွပ်စွဲမှုတွေ ပြုလုပ်ခဲ့တာကြောင့် မြောက်ကိုးရီးယား သံအမတ်ကို မလေးရှားအစိုးရက နိုင်ငံထဲက နှင်ထုတ်လိုက်ပါတယ်။

မြောက်ကိုးရီးယား သံအမတ် ကန်ချိုးလ်ဟာ မလေးရှားနိုင်ငံကနေ ၄၈ နာရီအတွင်း ထွက်ခွာသွားရမှာ ဖြစ်ပါတယ်။

ကင်ဂျုံနမ်ဟာ VX လို့ခေါ်တဲ့ ဓာတုအဆိပ်တစ်မျိုးနဲ့ လုပ်ကြံခံရတယ်ဆိုတဲ့ မလေးရှားအစိုးရရဲ့ စုံစမ်း စစ်ဆေးချက်ကို မြောက်ကိုးရီးယား သံအမတ်က ဒါဟာ မြောက်ကိုးရီးယားနိုင်ငံကို သိက္ခာ ကျစေဖို့ ပြင်ပနိုင်ငံတွေနဲ့ ပူးပေါင်း လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောဆိုလိုက်ရာကနေ အခုလိုအခြေအနေတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ကင်ဂျုံနမ်ဟာ ကွာလာလမ်ပူ လေဆိပ်မှာ VX လို့ခေါ်တဲ့ ဓာတုအဆိပ်နဲ့ အမျိုးသမီးနှစ်ဦးရဲ့ လုပ်ကြံမှုခံရပြီးတဲ့နောက် မိနှစ် ၂၀ အကြာမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ မလေးရှား အစိုးရက ပြောဆိုထားပါတယ်။

ကင်ဂျုံနမ် သေဆုံးပြီးတဲ့နောက်မှာ မြောက်ကိုးရီးယားနိုင်ငံက သေဆုံးသူရဲ့ အလောင်းကို ပြန်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)