ဒိုင်နိုဆောတွေ ဘာကြောင့် ခြေနှစ်ချောင်း နဲ့ လမ်းလျှောက်ခဲ့ကြသလဲ

0
306

လက်ရှိအချိန်မှာ မျိုးသုန်းသွားပြီ ဖြစ်ပေမယ့် ကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှင်သန်ခဲ့တဲ့ ဒိုင်နိုဆောတွေဟာ သူတို့ကို သတ်ဖြတ် စားသောက်မယ့် သတ္တ၀ါကြီးတွေရဲ့ဘေးရန်ကနေ မြန်မြန်ပြေးနိုင်စေဖို့အတွက် ခြေနှစ်ချောင်းနဲ့လမ်းလျှောက်နိုင်တဲ့ အထိ ဆင့်ကဲဖွံ့ဖြိုးမှု သီအိုရီအရ ဖွံ့ဖြိုးခဲ့ကြတာဖြစ်ကြောင်း သုတေသီတွေက ဖော်ထုတ်လိုက်ပါတယ်။

ဒီလိုလမ်းလျှောက်နိုင်တာဟာ ကြီးမားပြီးကြွက်သားအင်အား ကောင်းလှတဲ့ အမြီးကြောင့်ဖြစ်တယ်လို့လည်း သုတေသီတွေက ကောက်ချက်ချခဲ့ကြပါတယ်။ အဲဒီအမြီးကို သူတို့ထက် ပိုစောသလို ပိုပြီးသေးငယ်တဲ့ ပရိုတိုဒိုင်နိုဆောတွေဆီကနေ အမွေဆက် ခံရခဲ့တာဖြစ်ကြောင်းလည်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

သေးငယ်တဲ့ရှေ့လက်တွေ က ကိုယ်ခန္ဓာ ဟန်ချက် ထိန်းနိုင်ဖို့အပြင် ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးရာရောက်ခဲ့တယ်လို့ သုတေသီတွေက ဆိုပါတယ်။

အဆိုပါ အကျိုးသက်ရောက်မှုမျိုးကို ခေတ်သစ်အိမ်မြှောက်၊ တောက်တဲ့စတဲ့မျိုးစိတ်တွေမှာလည်း တွေ့မြင်နိုင်ပြီး သူတို့ဟာ ကိုယ်ခန္ဓာကို မတင်ပြီး နောက်ခြေနှစ်ချောင်းတည်းနဲ့ လမ်းလျှောက်တာတွေ လုပ်တတ်ကြပါတယ်။

ခြေနှစ်ချောင်းနဲ့လမ်းလျှောက်မှု ဘိုင်ပဲဒဲလ်လစ်ဇင်ကို ဒိုင်နိုဆောတွေပိုင်ဆိုင်ခဲ့ကြောင်းနဲ့ ပတ်သက်ပြီး အစောပိုင်းက ပညာရှင် တွေအကြား အငြင်းပွားမှုတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ သုတေသီတွေက ဒိုင်နိုဆောတွေဟာ လမ်းလျှောက်ခဲ့ကြပြီး ရှေ့လက်တွေကို အမဲလိုက်ရာမှာ သုံးတယ်လို့ ယုံကြည်ခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီသီအိုရီက အသီးအရွက်စားတဲ့ဒိုင်နိုဆောအုပ်စုတွေက ဘာကြောင့် လမ်းလျှောက်ခဲ့ကြသလဲဆိုတာ မရှင်းပြနိုင်ခဲ့ ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)