ထပ်မံပစ်ခတ်လိုက်တဲ့ မြောက်ကိုရီးယား ဒုံးကျည် ဂျပန်ရေပိုင်နက်ထဲ ကျရောက်

0
261

ဂျပန် ပင်လယ်ထဲကို မြောက်ကိုရီးယားက ဒုံးကျည် လေးစင်း ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်လေးစင်းမှာ သုံးစင်းက မိုင်ပေါင်း ၆၂၀ အကွာအဝေးက ဂျပန်နိုင်ငံရဲ့ စီးပွားရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ ပင်လယ်ရေပိုင်နက်ထဲကို ကျရောက်ခဲ့ ပြီး ၀န်ကြီးချုပ် ရှင်ဇိုအဘေးက ဒီလုပ်ရပ်ဟာ ခြိမ်းခြောက်မှု အသစ်ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

အဆိုပါဒုံးကျည်တွေဟာ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသတစ်ခုဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံ၊ တောင်ချန်ရီဒေသအတွင်းကနေ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်မှ ပြောဆိုခဲ့ပါတယ်။

ဘယ်လို ဒုံးကျည်အမျိုးအစားကို ပစ်ခတ်ခဲ့မှန်းမသိရပေမယ့် ကုလသမဂ္ဂက မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်စမ်းသပ်မှု အားလုံးကို ပိတ်ပင်ထားပါတယ်။

တနင်္လာနေ့၊ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၆ မိနစ်မှာ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်ဆိုင်ရာအရာရှိတွေ က
ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ ပစ်ခတ်လိုက်တဲ့ ဒုံးကျည်အမျိုးအစားကို စစ်ဆေးစုံစမ်းနေဆဲ ဖြစ်ပါတယ်။

အမေရိကန်စစ်တပ်မှလည်း အဆိုပါပစ်ခတ်မှုကို ထောက်လှမ်းသိရှိထားပြီး မြောက်အမေရိကတိုက်အပေါ် ခြိမ်းခြောက်မှုမဖြစ်နိုင်ကြောင်း ဆုံးဖြတ်ထားခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်ပူးတွဲဆောင်ရွက်တဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် တုံပြန်တဲ့အနေနဲ့ ပြုံယမ်းအစိုးရက ဒုံးကျည်တွေ ပစ်လွှတ်မယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ခြိမ်းခြောက်ခဲ့ပါတယ်။

တောင်ကိုရီးယားအစိုးရကတော့ နှစ်စဉ်စစ်ရေး လေ့ကျင့်မှုအစီအစဉ်ဟာ မြောက်ကိုရီးယားရဲ့ကျုးကျော်မှုအတွက် ပြင်ဆင်မှုတစ်ရပ်ဖြစ်တယ်လို့ ယူဆထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)