ဟောလိဝုဒ် ဂန္ထဝင် မင်းသားကြီး ကာ့ခ် ဒေါက်ဂလပ်စ် (၁၀၃ နှစ်) ကွယ်လွန်

0
45

စပါတာကတ်၊ Lust of Life, Paths of Glory စတဲ့ ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ် ရွှေခေတ် ဂန္ထဝင် မင်းသားကြီး ကာ့ခ် ဒေါက်ဂလပ်စ် ဟာ အသက် ၁၀၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

ကာ့ခ် ဒေါက်ဂလပ်စ်ဟာ ကျွနော်တို့ကို ဒီနေ့မှာ ထားခဲ့ပြီဖြစ်တယ်လို့ ကျွန်တော်နဲ့ ညီအစ်ကိုများက ဝမ်းနည်းစွာ ကြေညာကြောင်း ကာ့ခ် ဒေါက်ဂလပ်စ်ရဲ့ သား မိုက်ကယ်က ပြောပါတယ်။ ဒီနေ့ ဘယ်လာရုစ်နိုင်ငံဖြစ်လာမယ့် တစ်ချိန်က ရုရှားပိုင် နယ်မြေကနေ ပြောင်းရွှေ့လာတဲ့ ဂျူးမိဘတွေကနေ မွေးဖွားလာသူ ကာ့ခ် ဒေါက်ဂလပ်စ်ဟာ သရုပ်ဆောင်၊ ရုပ်ရှင် ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ စာရေးဆရာလည်း ဖြစ်ပါတယ်။ အမေရိကန် ရေတပ်မှာလည်း စစ်မှုထမ်းဖူးပါတယ်။

ကာ့ခ် ဒေါက်ဂလပ်စ်ဟာ ၁၉၉၆ ခုနှစ်မှာ တစ်သက်တာ အော်စကာဆုကို ရရှိခဲ့ပါတယ်။ ကာ့ခ် ဒေါက်ဂလပ်စ်ဟာ ၁၉၄၉၊ ၁၉၅၂ နဲ့ ၁၉၅၆ ခုနှစ်တို့မှာ အော်စကာဆုအတွက် ဆန်ကာတင်စာရင်း တင်သွင်းခံရပေမယ့် ဆုတစ်ခုမှ မရရှိခဲ့ဖူးပါဘူး။ ကွယ်လွန်ချိန်မှာ ဒုတိယဇနီး အန်နီ ဘိုင်ဒင်၊ သားသမီးတွေဖြစ်တဲ့ မိုက်ကယ်၊ ဂျိုး၊ ပီတာတို့ ကျန်ရစ်ပါတယ်။ အငယ်ဆုံးဖြစ်တဲ့ အဲရစ်ကတော့ ၂၀၀၄ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဟောလိဝုဒျ ဂန်ထဝငျ မငျးသားကွီး ကာ့ချ ဒေါကျဂလပျဈ (၁၀၃ နှဈ) ကှယျလှနျ