Corona ဗိုင်းရပ်စ် ကုသနိုင်ဖို့ ဘီလ်ဂိတ် ဖောင်ဒေးရှင်းက ဒေါ်လာ သန်း ၁၀၀ လှူဒါန်း

0
95

ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ် ဦးဆောင်တည်ထောင်ထားတဲ့ The Bill & Melinda Gates Foundation ဟာ Corona ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကူညီလှူဒါန်းခဲ့ပါတယ်။


Corona ဗိုငြးရပဈြ ကုသနိုငဖြို့ ဘီလဂြိတြ ဖောငဒြေးရှငြးက ဒေါလြာ သနြး ၁၀၀ လှူဒါနြး

ဘီလျံနာ သူဌေးကြီး ဘီလ်ဂိတ် ဦးဆောင်တည်ထောင်ထားတဲ့ The Bill & Melinda Gates Foundation ဟာ Corona ဗိုင်းရပ်စ် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကူညီလှူဒါန်းခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ Corona ဗိုင်းရပ်စ်ကြောင့် လက်ရှိအချိန်အထိ ကမ္ဘာတဝှမ်းမှာ လူပေါင်း ၅၆၀ ကျော် သေဆုံးခဲ့ပြီး ၂၈၀၀၀ ကျော် ကူးစက်ခံထားရပါတယ်။ ဘီလ်ဂိတ် ဖောင်ဒေးရှင်းဟာ Corona ဗိုင်းရပ်စ် အတွက် ဆေးဝါးရှာဖွေဖို့၊ ကူးစက်ခံရတဲ့လူတွေကို ကာကွယ်ကုသပေးနိုင်ဖို့အတွက် ငွေကြေး လှူဒါန်းပေးခဲ့တာြ jဖစ်ပါတယ်။

ကမ္ဘာတဝှမ်းရှိ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေဟာ Corona ဗိုင်းရပ်စ် ကူးစက်မှု နှေးကွေးစေဖို့ အတူတတွ လုပ်ဆောင်နေကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ဆေးဝါးရရှိအောင် ဆောင်ရွက်နေကြောင်း ဘီလ်ဂိတ် ဖောင်ဒေးရှင်း အကြီးအကဲ မက်ဆုမန်က ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)