မန်ချက်စတာ ယူနိုက်တက်ကို လစာလျှော့ယူ ပြောင်းခဲ့တဲ့ အိုင်ဟာလို

0
92

တိုက်စစ်မှူး အိုင်ဟာလိုက သူအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လို့တဲ့အတွက် လစာလျှော့ယူကာ ပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှုရတဲ့ ညက အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ 

အသက် ၃၀ အရွယ်ရှိ နိုင်ဂျီရီးယား တိုက်စစ်မှူး အိုင်ဟာလိုဟာ ရှန်ဟိုင်းကလပ်ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရာသီအကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရချိန်က မိခင်ဖြစ်သူဟာ ဝမ်းသာလွန်းတဲ့အတွက် ငိုကြွေးခဲ့သလို လမ်းတွေမှာလည်း ပါတီပွဲတွေ ပေးခဲ့ကြောင်း အိုင်ဟာလိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 


မနခြကွစြတာ ယူနိုကတြကကြို လစာလွှော့ယူ ပှောငြးခဲ့တဲ့ အိုငဟြာလို

တိုက်စစ်မှူး အိုင်ဟာလိုက သူအနေနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့လို့တဲ့အတွက် လစာလျှော့ယူကာ ပြောင်းခဲ့ခြင်းဖြစ်ကြောင်း၊ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှုရတဲ့ ညက အိပ်မပျော်နိုင်အောင် ဖြစ်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၃၀ အရွယ်ရှိ နိုင်ဂျီရီးယား တိုက်စစ်မှူး အိုင်ဟာလိုဟာ ရှန်ဟိုင်းကလပ်ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ရာသီအကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်နဲ့ သဘောတူညီမှု ရချိန်က မိခင်ဖြစ်သူဟာ ဝမ်းသာလွန်းတဲ့အတွက် ငိုကြွေးခဲ့သလို လမ်းတွေမှာလည်း ပါတီပွဲတွေ ပေးခဲ့ကြောင်း အိုင်ဟာလိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အိုင်ဟာလိုက အသင်းအချို့ဟာ သူ့ကို စိတ်ဝင်စားခဲ့ကြောင်း၊ ရှန်ဟိုင်းမြို့မှာ ရှိနေတဲ့အချိန် ည ၁၁ နာရီမှာ အေးဂျင့်ဖြစ်သူက မန်ချက်စတာ ယူနိုက်တက်ဟာ သူ့ကို စာချုပ်လိုတဲ့အကြောင်း ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ သူဟာ ညတွင်းချင်း စကားပြန်တစ်ဦး ရှာဖွေခဲ့ပြီး အသင်းဒါရိုက်တာ အခန်းကို သွားခဲ့ကြောင်း ပြောပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)