လီဗာပူးအသင္းနည္းျပ ကေလာ့ကို  စြဲခ်က္တင္

0
1068

လီဗာပူးအသင္းနည္းျပ  ဂ်ာဂန္ကေလာ့ရဲ႕ အျပဳမႈေတြနဲ႔ ပတ္သက္လုိ႔  အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္ဟာ စြဲခ်က္တင္လုိက္တယ္လို႔ သတင္းေတြကေဖာ္ျပခဲ့ပါတယ္။

နည္းျပကေလာ့ဟာ  လီဗာပူးအသင္းနဲ႔ အဲဗာတန္အသင္းတို႔ ကစားတဲ့ပြဲမွာ  ကြင္းအတြင္းကို ေျပးဝင္ခဲ့ၿပီး အဲဗာတန္အသင္း ပရိသတ္ေတြ ရန္စသလိုျဖစ္ေစခဲ့ေၾကာင္း  အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္က ေျပာပါတယ္။ သူရဲ႕အျပဳမႈနဲ႔ ပတ္သက္လို႔ အျပစ္ရွိေၾကာင္း ဆံုးျဖတ္ခဲ့မယ္ဆုိရင္   ေပါင္ ၈၀၀၀ ဒဏ္ရိုက္ခံရဖြယ္ရွိေနပါတယ္။

ပြဲၿပီးတဲ့ေနာက္   ကေလာ့ ဟာ သူရဲ႕အျပဳမႈနဲ႔ ပတ္သက္လို႔  ျပန္ေတာင္းပန္ခဲ့ပါတယ္။ ကြင္းအတြင္းကို ေျပးဝင္ခဲ့တဲ့   အျပဳမႈေတြနဲ႔ ပတ္သက္လို႔ ေတာင္းပန္ေၾကာင္း ကြင္းအတြင္း ေျပးဝင္တာက  အဲဗာတန္ ပရိသတ္ေတြကိုမေလးမစား လုပ္တာမဟုတ္ေၾကာင္း နည္းျပကေလာ့ကေျပာခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

လီဗာပူးအသင်းနည်းပြ ကလော့ကို စွဲချက်တင်
လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့ရဲ့ အပြုမှုတွေနဲ့ ပတ်သက်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ စွဲချက်တင်လိုက်တယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။
နည်းပြကလော့ဟာ လီဗာပူးအသင်းနဲ့ အဲဗာတန်အသင်းတို့ ကစားတဲ့ပွဲမှာ ကွင်းအတွင်းကို ပြေးဝင်ခဲ့ပြီး အဲဗာတန်အသင်း ပရိသတ်တွေ ရန်စသလိုဖြစ်စေခဲ့ကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ သူရဲ့အပြုမှုနဲ့ ပတ်သက်လို့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပေါင် ၈၀ဝ၀ ဒဏ်ရိုက်ခံရဖွယ်ရှိနေပါတယ်။
ပွဲပြီးတဲ့နောက် ကလော့ ဟာ သူရဲ့အပြုမှုနဲ့ ပတ်သက်လို့ ပြန်တောင်းပန်ခဲ့ပါတယ်။ ကွင်းအတွင်းကို ပြေးဝင်ခဲ့တဲ့ အပြုမှုတွေနဲ့ ပတ်သက်လို့ တောင်းပန်ကြောင်း ကွင်းအတွင်း ပြေးဝင်တာက အဲဗာတန် ပရိသတ်တွေကိုမလေးမစား လုပ်တာမဟုတ်ကြောင်း နည်းပြကလော့ကပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)