
0
851




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ရေတပ်ချင်း စစ်ရေးလေကျင့်မှု စတင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပီယိုဟာ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအပြင် မြောက်ကိုရီးယား ခေါင်းဆောင်နဲ့ အမေရိကန်သမ္မတကြား ဒုတိယအကြိမ် ထိပ်သီးအစည်းဝေးပွဲ အတွက် မြောက်ကိုရီးယားနိုင်ငံကို သွားရောက် မဆွေးနွေးမီ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ နိုဝင်ဘာ ၅ ရက်နေ့မှာပဲ ရေတပ်ချင်း စစ်ရေးလေကျင့်မှုတွေ စတင်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေထဲမှာ အမေရိကန် ရေတပ်ဖွဲ့ဝင် ၅၀ဝ ပါဝင်ခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ တောင်ကိုရီးယားရဲ့ ရေတပ် အစီစဉ်တွေထဲမှာ ဇွန်လအတွင်းက ဆိုင်းငံ့ခဲ့ရတဲ့ စစ်ရေးလေကျင့်မှု အစီစဉ်တွေလည်း ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းက အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ ပထမဆုံးအကြိမ် ထိပ်သီး တွေ့ဆုံပွဲ လုပ်ခဲ့ပြီးနောက် အမေရိကန် – တောင်ကိုရီးယားကြား စစ်ရေးလေကျင့်မှုလုပ်တာ ဆိုင်းငံ့ဖို့ ကတိပြုခဲ့ပြီးနောက် ဇွန်လအတွင်း လုပ်ဖို့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်ခန်း လုပ်တာ ဆိုင်းငံ့ထားပေမယ့် အသေးစား စစ်ရေးပူးတွဲလေ့ကျင့်မှုတွေ လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)