၈ နာရီခရီးကို ၇၇ နာရီ ၾကာခဲ့လို႔ ၿဗိတိသွ် ေလေၾကာင္းလိုင္းကို ေဒါသထြက္

0
802

အေမရိကန္၊ ေအာ္လန္ဒိုျပည္နယ္ကို မိသားစု အားလပ္ရက္ ထြက္ခဲ့တဲ့ ခရီးသည္ေတြအတြက္ လန္ဒန္ကို အျပန္ခရီးဟာ အိပ္မက္ဆိုးေတြ ျဖစ္ခဲ့ရပါတယ္။ ေလေၾကာင္းလိုင္းက ေတာင္းပန္ခဲ့ေပမယ့္ ခရီးသည္ေတြကေတာ့ ေဒါသထြက္ခဲ့ၾကပါတယ္။

ၿဗိတိသွ် ေလေၾကာင္းလိုင္းက BA 2036 ေလယာဥ္ဟာ ႏိုဝင္ဘာလ ၁ ရက္မွာ ထြက္ရမွာ ျဖစ္ေပမယ့္ ႏိုဝင္ဘာလ ၄ ရက္ေန႔အထိ လန္ဒန္ရွိ ဂတ္ဝစ္ခ္ ေလဆိပ္ကို မေရာက္ေသးဘဲ ျဖစ္ခဲ့ပါတယ္။ ခရီးစဥ္အတြက္ ေပါင္ ၁ ေသာင္း ၁ ေထာင္ အကုန္ခံခဲ့တဲ့ မိသားစုဝင္တစ္ဦးက ၿဗိတိသွ် ေလေၾကာင္းလိုင္းဟာ သူတို႔ကို လူမဆန္စြာ ဆက္ဆံခဲ့တယ္လို႔ ေျပာပါတယ္။

ေလယာဥ္ ေႏွာင့္ေႏွးေနစဥ္ အစားအေသာက္၊ ေရေပးတာ မရွိသလို အိပ္စရာလည္း ေနရာမေပး၊ ေနာက္ဆံုး အေျခအေန သတင္းကိုလည္း ခရီးသည္ေတြကို ေျပာျပျခင္းမရွိဘူးလို႔ ခရီးသည္တစ္ဦးက ေျပာပါတယ္။ စက္မႈပိုင္း ခြ်တ္ယြင္းလို႔ ခရီးသည္ေတြဟာ ေအာ္လန္ဒိုမွာ ၄ နာရီၾကာ ေစာင့္ဆိုင္းခဲ့ရပါတယ္။

ဒါေပမယ့္ ေလယာဥ္ မထြက္ႏိုင္လို႔ ခရီးသည္ေတြကို ေလယာဥ္ေပၚက ဆင္းခိုင္းၿပီး နီးစပ္ရာ ဟိုတယ္ကို ပို႔ခဲ့ပါတယ္။ အဲဒီေနာက္ နယူးေယာက္ ေဂ်အက္ဖ္ေက ေလဆိပ္မွာ ေလယာဥ္ ထပ္ေျပာင္းေပးပါတယ္။ ဒါေပမယ့္ ေလေၾကာင္းလိုင္း ကိုယ္စားလွယ္ ေရာက္မလာလို႔ ေစာင့္ဆိုင္းေနရၿပီး ဟိုတယ္ေတြမွာလည္း အခန္းလြတ္ မရွိလို႔ တာမီနယ္ထဲမွာ အိပ္ခဲ့ရပါတယ္။ ခရီးသည္ေတြ ဒုကၡေရာက္ၿပီး ေလဆိပ္ထဲမွာ ျဖစ္သလို အိပ္ေနရတဲ့ပံုေတြ လူမႈကြန္ရက္ အင္တာနက္ေပၚမွာ တက္လာခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

၈ နာရီခရီးကို ၇၇ နာရီ ကြာခဲ့လို့ ဗြိတိသျှ လေကြောင်းလိုင်းကို ဒေါသထွက်

အမေရိကန်၊ အော်လန်ဒိုပြည်နယ်ကို မိသားစု အားလပ်ရက် ထွက်ခဲ့တဲ့ ခရီးသည်တွေအတွက် လန်ဒန်ကို အပြန်ခရီးဟာ အိပ်မက်ဆိုးတွေ ဖြစ်ခဲ့ရပါတယ်။ လေကြောင်းလိုင်းက တောင်းပန်ခဲ့ပေမယ့် ခရီးသည်တွေကတော့ ဒေါသထွက်ခဲ့ကြပါတယ်။

ဗြိတိသျှ လေကြောင်းလိုင်းက BA 2036 လေယာဉ်ဟာ နိုဝင်ဘာလ ၁ ရက်မှာ ထွက်ရမှာ ဖြစ်ပေမယ့် နိုဝင်ဘာလ ၄ ရက်နေ့အထိ လန်ဒန်ရှိ ဂတ်ဝစ်ခ် လေဆိပ်ကို မရောက်သေးဘဲ ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်အတွက် ပေါင် ၁ သောင်း ၁ ထောင် အကုန်ခံခဲ့တဲ့ မိသားစုဝင်တစ်ဦးက ဗြိတိသျှ လေကြောင်းလိုင်းဟာ သူတို့ကို လူမဆန်စွာ ဆက်ဆံခဲ့တယ်လို့ ပြောပါတယ်။

လေယာဉ် နှောင့်နှေးနေစဉ် အစားအသောက်၊ ရေပေးတာ မရှိသလို အိပ်စရာလည်း နေရာမပေး၊ နောက်ဆုံး အခြေအနေ သတင်းကိုလည်း ခရီးသည်တွေကို ပြောပြခြင်းမရှိဘူးလို့ ခရီးသည်တစ်ဦးက ပြောပါတယ်။ စက်မှုပိုင်း ချွတ်ယွင်းလို့ ခရီးသည်တွေဟာ အော်လန်ဒိုမှာ ၄ နာရီကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

ဒါပေမယ့် လေယာဉ် မထွက်နိုင်လို့ ခရီးသည်တွေကို လေယာဉ်ပေါ်က ဆင်းခိုင်းပြီး နီးစပ်ရာ ဟိုတယ်ကို ပို့ခဲ့ပါတယ်။ အဲဒီနောက် နယူးယောက် ဂျေအက်ဖ်ကေ လေဆိပ်မှာ လေယာဉ် ထပ်ပြောင်းပေးပါတယ်။ ဒါပေမယ့် လေကြောင်းလိုင်း ကိုယ်စားလှယ် ရောက်မလာလို့ စောင့်ဆိုင်းနေရပြီး ဟိုတယ်တွေမှာလည်း အခန်းလွတ် မရှိလို့ တာမီနယ်ထဲမှာ အိပ်ခဲ့ရပါတယ်။ ခရီးသည်တွေ ဒုက္ခရောက်ပြီး လေဆိပ်ထဲမှာ ဖြစ်သလို အိပ်နေရတဲ့ပုံတွေ လူမှုကွန်ရက် အင်တာနက်ပေါ်မှာ တက်လာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)