ယူဖေရးတီးျမစ္ထဲမွာ ငါးေတြ ထူးဆန္းစြာ ေသဆံုး

0
974

ယူဖေရးတီး ျမစ္ထဲမွာ ငါးေတြ ထူးဆန္းစြာ အစုလိုက္ အၿပံဳလိုက္ ေသဆံုးေနၿပီး ကူးစက္ေရာဂါေၾကာင့္လား၊ သဘာဝပတ္ဝန္းက်င္ ညစ္ညမ္းမႈေၾကာင့္လားဆိုတာ မသိရေသးပါဘူး။

 

အီရတ္ အာဏာပိုင္ေတြကေတာ့ ေရနမူနာနဲ႔ ငါးေသေတြကို စစ္ေဆးေနပါတယ္။ အီရတ္ေတာင္ပိုင္း ယူဖေရးတီးျမစ္ ေတာင္ဘက္ေဒသ ဘာဘီမွာ ငါးသိုင္းငါးေတြ သိန္းခ်ီ ေသဆံုးေနပါတယ္။ ငါးေမြးျမဴေရး လုပ္ကိုင္သူေတြကလည္း ငါးေတြ ေသရျခင္း အေၾကာင္းရင္းကို သိခ်င္ေနၾကပါတယ္။

ငါးေမြးျမဴေရးလုပ္သူ ဟူစိန္ ဖာရက္က တခ်ိဳ႕က ငါးေတြ ဗိုင္းရပ္ေၾကာင့္ ေသတာလို႔ ေျပာၾကၿပီး တခ်ိဳ႕ကေတာ့ ဓာတုေဗဒ ေဆးဝါးေတြေၾကာင့္လို႔ ေျပာေနၾကေၾကာင္း၊ အစိုးရက စံုစမ္းစစ္ေဆးၿပီး အေျဖရွာေပးဖို႔ လိုေၾကာင္း ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ယူဖရေးတီးမြစ်ထဲမှာ ငါးတွေ ထူးဆန်းစွာ သေဆုံး

ယူဖရေးတီး မြစ်ထဲမှာ ငါးတွေ ထူးဆန်းစွာ အစုလိုက် အပြုံလိုက် သေဆုံးနေပြီး ကူးစက်ရောဂါကြောင့်လား၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့်လားဆိုတာ မသိရသေးပါဘူး။

အီရတ် အာဏာပိုင်တွေကတော့ ရေနမူနာနဲ့ ငါးသေတွေကို စစ်ဆေးနေပါတယ်။ အီရတ်တောင်ပိုင်း ယူဖရေးတီးမြစ် တောင်ဘက်ဒေသ ဘာဘီမှာ ငါးသိုင်းငါးတွေ သိန်းချီ သေဆုံးနေပါတယ်။ ငါးမွေးမြူရေး လုပ်ကိုင်သူတွေကလည်း ငါးတွေ သေရခြင်း အကြောင်းရင်းကို သိချင်နေကြပါတယ်။

ငါးမွေးမြူရေးလုပ်သူ ဟူစိန် ဖာရက်က တချို့က ငါးတွေ ဗိုင်းရပ်ကြောင့် သေတာလို့ ပြောကြပြီး တချို့ကတော့ ဓာတုဗေဒ ဆေးဝါးတွေကြောင့်လို့ ပြောနေကြကြောင်း၊ အစိုးရက စုံစမ်းစစ်ဆေးပြီး အဖြေရှာပေးဖို့ လိုကြောင်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)