ဟားဗတ္ တကၠသိုလ္မွာ ေဟာေျပာမယ့္ တ႐ုတ္ပညာရွင္ ႏွစ္ဦး ျပည္ပထြက္ခြာခြင့္ အပိတ္ခံရ

0
705

ထင္ရွားတဲ့ ယူနီ႐ူးလ္ စီးပြားေရး အင္စတီက်ဳက သုေတသီတစ္ဦးနဲ႔ ညႊန္ၾကားေရးမွဴးတို႔ဟာ ဟားဗတ္ တကၠသိုလ္မွာ ေဟာေျပာဖို႔ ရွိေပမယ့္ တ႐ုတ္အစိုးရက ျပည္ပထြက္ခြာခြင့္ ပိတ္လိုက္ပါတယ္။

ကြန္ျမဴနစ္ အစိုးရရဲ႕ ပစ္မွတ္ထားခံေနရတဲ့ သုေတသီ က်န္ေဟာင္နဲ႔ အင္စတီက်ဳ ဒါ႐ိုက္တာ ရွန္ဟြန္တို႔ဟာ အေမရိကန္ ႏိုင္ငံ၊ ဟားဗတ္ တကၠသိုလ္မွာ ဒီလအတြင္း က်င္းပမယ့္ တ႐ုတ္ ျပဳျပင္ေျပာင္းလဲေရးနဲ႔ တံခါးဖြင့္ဝါဒ ႏွစ္ ၄၀ ျပည့္ အခမ္းအနားကို တက္ေရာက္မွာ ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၃ ရက္ေန႔က ေလဆိပ္မွာ အာဏာပိုင္ေတြက အေၾကာင္းျပခ်က္ မေပးဘဲ တားျမစ္ခဲ့တာ ျဖစ္တယ္လို႔ က်န္ေဟာင္က ေျပာပါတယ္။ သူတို႔ ႏွစ္ဦးဟာ လြတ္လပ္တဲ့ စီးကြက္စီးပြားေရးနဲ႔ ဖြဲ႔စည္းပံု အေျခခံဥပေဒ အေျချပဳ ဒီမိုကေရစီတို႔ကို အထူးျပဳ ေျပာဆိုေရးသားၾကသူေတြ ျဖစ္ၿပီး ကြန္ျမဴနစ္ အာဏာပိုင္ေတြရဲ႕ ၿငိဳျငင္မႈကို မၾကာခဏ ခံရသူေတြ ျဖစ္ပါတယ္။ သူတို႔ရဲ႕ ႐ံုးခန္းကို ခ်ိတ္ပိတ္လိုက္ၿပီး ဝက္ဘ္ဆိုက္နဲ႔ လူမႈကြန္ရက္ေတြကိုလည္း ပိတ္ထားခံရပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဟားဗတ် တက္ကသိုလ်မှာ ဟောပြောမယ့် တရုတ်ပညာရှင် နှစ်ဦး ပြည်ပထွက်ခွာခွင့် အပိတ်ခံရ

ထင်ရှားတဲ့ ယူနီရူးလ် စီးပွားရေး အင်စတီကျုက သုတေသီတစ်ဦးနဲ့ ညွှန်ကြားရေးမှူးတို့ဟာ ဟားဗတ် တက္ကသိုလ်မှာ ဟောပြောဖို့ ရှိပေမယ့် တရုတ်အစိုးရက ပြည်ပထွက်ခွာခွင့် ပိတ်လိုက်ပါတယ်။

ကွန်မြူနစ် အစိုးရရဲ့ ပစ်မှတ်ထားခံနေရတဲ့ သုတေသီ ကျန်ဟောင်နဲ့ အင်စတီကျု ဒါရိုက်တာ ရှန်ဟွန်တို့ဟာ အမေရိကန် နိုင်ငံ၊ ဟားဗတ် တက္ကသိုလ်မှာ ဒီလအတွင်း ကျင်းပမယ့် တရုတ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ နှစ် ၄၀ ပြည့် အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၃ ရက်နေ့က လေဆိပ်မှာ အာဏာပိုင်တွေက အကြောင်းပြချက် မပေးဘဲ တားမြစ်ခဲ့တာ ဖြစ်တယ်လို့ ကျန်ဟောင်က ပြောပါတယ်။ သူတို့ နှစ်ဦးဟာ လွတ်လပ်တဲ့ စီးကွက်စီးပွားရေးနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခြေပြု ဒီမိုကရေစီတို့ကို အထူးပြု ပြောဆိုရေးသားကြသူတွေ ဖြစ်ပြီး ကွန်မြူနစ် အာဏာပိုင်တွေရဲ့ ငြိုငြင်မှုကို မကြာခဏ ခံရသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ရုံးခန်းကို ချိတ်ပိတ်လိုက်ပြီး ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ရက်တွေကိုလည်း ပိတ်ထားခံရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)