အေလာင္း ျပန္ေပးဖို႔ အသတ္ခံရတဲ့ ခါေရွာ့ဂီရဲ႕ သားေတြ ေတာင္းဆို

0
780

ေကာင္းေကာင္းမြန္မြန္ ျမဳပ္ႏွံသၿဂႋဳဟ္ႏိုင္ေရး သူတို႔ ဖခင္ရဲ႕ အေလာင္းကို ျပန္ေပးဖို႔ အသတ္ခံရတဲ့ ဂ်ာနယ္လစ္ ဂ်မယ္ ခါေရွာ့ဂီရဲ႕ သားေတြက ေဆာ္ဒီအာေရဗ် အစိုးရကို ေတာင္းဆိုလိုက္ပါတယ္။

သူ႔အေဖ ဘယ္လို ျဖစ္ခဲ့ျဖစ္ခဲ့ နာက်င္ခံစားမႈေတြ မျဖစ္ခဲ့ဖို႔၊ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိခဲ့ဖို႔၊ ၿငိမ္းခ်မ္းစြာ ေသဆံုးျခင္းျဖစ္ဖို႔ ေမွ်ာ္လင့္တယ္လို႔ ခါေရွာ့ဂီရဲ႕ သားျဖစ္သူ အဗၺဒူလာ ခါေရွာ့ဂီက ေျပာပါတယ္။ ေနာက္ထပ္ သားတစ္ဦးျဖစ္တဲ့ ဆာလာ ခါေရွာ့ဂီကလည္း မဒီနာရွိ အယ္လ္ဘာကီမွာ က်န္ရစ္သူ မိသားစုေတြစုၿပီး ျမဳပ္ႏွံသၿဂႋဳဟ္ခြင့္ ရခ်င္တယ္လို႔ ေျပာပါတယ္။

တူရကီႏိုင္ငံရွိ ေဆာ္ဒီ ေကာင္စစ္ဝန္ ႐ံုးထဲမွာ ေအာက္တိုဘာလ ၂ ရက္ေန႔က ခါေရွာ့ဂီ အသတ္ခံခဲ့ရတာ ျဖစ္ၿပီး တူရကီသမၼတကေတာ့ ခါေရွာ့ဂီကို သတ္ဖို႔ ေဆာ္ဒီအာေရဗ် အစိုးရ အဆင့္အျမင့္ဆံုးသူေတြက ညႊန္ၾကားတာလို႔ ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အလောင်း ပြန်ပေးဖို့ အသတ်ခံရတဲ့ ခါရှော့ဂီရဲ့ သားတွေ တောင်းဆို

ကောင်းကောင်းမွန်မွန် မြုပ်နှံသင်္ဂြိုဟ်နိုင်ရေး သူတို့ ဖခင်ရဲ့ အလောင်းကို ပြန်ပေးဖို့ အသတ်ခံရတဲ့ ဂျာနယ်လစ် ဂျမယ် ခါရှော့ဂီရဲ့ သားတွေက ဆော်ဒီအာရေဗျ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

သူ့အဖေ ဘယ်လို ဖြစ်ခဲ့ဖြစ်ခဲ့ နာကျင်ခံစားမှုတွေ မဖြစ်ခဲ့ဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့ဖို့၊ ငြိမ်းချမ်းစွာ သေဆုံးခြင်းဖြစ်ဖို့ မျှော်လင့်တယ်လို့ ခါရှော့ဂီရဲ့ သားဖြစ်သူ အဗ္ဗဒူလာ ခါရှော့ဂီက ပြောပါတယ်။ နောက်ထပ် သားတစ်ဦးဖြစ်တဲ့ ဆာလာ ခါရှော့ဂီကလည်း မဒီနာရှိ အယ်လ်ဘာကီမှာ ကျန်ရစ်သူ မိသားစုတွေစုပြီး မြုပ်နှံသင်္ဂြိုဟ်ခွင့် ရချင်တယ်လို့ ပြောပါတယ်။

တူရကီနိုင်ငံရှိ ဆော်ဒီ ကောင်စစ်ဝန် ရုံးထဲမှာ အောက်တိုဘာလ ၂ ရက်နေ့က ခါရှော့ဂီ အသတ်ခံခဲ့ရတာ ဖြစ်ပြီး တူရကီသမ္မတကတော့ ခါရှော့ဂီကို သတ်ဖို့ ဆော်ဒီအာရေဗျ အစိုးရ အဆင့်အမြင့်ဆုံးသူတွေက ညွှန်ကြားတာလို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)