
0
1127




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်္ဂလန် ဝါရင့်တိုက်စစ်မှူး နိုင်ငံလက်ရွေးစင်ကနေ အနားယူ

အင်္ဂလန် ဝါရင့်တိုက်စစ်မှူး ရွန်းနီဟာ နိုင်ငံလက်ရွေးစင် ကစားသမားအဖြစ်က အနားယူပြီး အခုလ နောက်ပိုင်းမှာ ကစားမယ့် အမေရိကန်နဲ့ အင်္ဂလန်ပွဲမှာ လက်ရွေးစင် ကစားသမားဘဝ နှုတ်ဆက်ပွဲ ကစားမှာ ဖြစ်ပါတယ်။

အသက် ၃၃ နှစ် အရွယ်ရှိ တိုက်စစ်မှူး ရွန်းနီဟာ အင်္ဂလန်အတွက် ဂိုးပေါင်း ၅၃ ဂိုး သွင်းယူပေးခဲ့ကာ အသင်းအတွက် ဂိုးသွင်းစံချိန် တင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ရွန်းနီဟာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ နောက်ပိုင်းတည်းက အင်္ဂလန် လက်ရွေးစင်အဖြစ် ကစားခွင့် မရခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ရွန်းနီဟာ နိုဝင်ဘာ ၁၅ ရက်နေ့မှာ အင်္ဂလန်နဲ့ အမေရိကန်တို့ ကစားမယ့် ခြေစမ်းပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် တွေ့မြင်ရဖို့များပြီး အင်္ဂလန်အတွက် ရွန်းနီရဲ့ နောက်ဆုံးလက်ရွေးစင်ပွဲလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)