အင္ဒိုနီးရွား ငလ်င္ အပ်က္အစီးေတြေအာက္မွာ အသက္ရွင္က်န္တဲ့ ၁ ႏွစ္ အရြယ္ကေလးေတြ႔ရွိ

0
1448

အင္ဒိုနီးရွားႏိုင္ငံမွာ အသက္ ၁ ႏွစ္အရြယ္ရွိ မိန္းကေလးတစ္ဦးဟာ ငလ်င္နဲ႔ ဆူနာမီေၾကာင့္ အပ်က္အစီး ေတြေအာက္ ပိတ္မိေနခဲ့ေပမယ့္ အသက္ရွင္ေနခဲ့ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံ ဆူလာေဝဆီကၽြန္းရွိ ပါလူၿမိဳ႕ကို အင္အားျပင္းငလ်င္ လႈပ္ခတ္မႈနဲ႔အတူ အျမင့္ေပ ၂၀ နီးပါးရွိ ဆူနာမီလႈိင္းလံုးႀကီးေတြ ဝင္ေရာက္ခ်ိန္မွာ အသက္ ၁ ႏွစ္အရြယ္ရွိ ဝူဟန္ဟာ ေရလႈိင္းလံုးႀကီးေတြနဲ႔အတူ ေမွ်ာပါသြားခဲ့ၿပီး ၁ ရက္ၾကာ ေပ်ာက္ဆံုးေနခဲ့ပါတယ္။

ရွာေဖြကယ္ဆယ္ေရးသမားေတြက ဝူဟန္ကို အပ်က္အစီးေတြေအာက္ ရြံႏြံေတြၾကားမွာ ျပန္ေတြခဲ့ေၾကာင္း၊ ဝူဟန္ရဲ႕အနီးမွာ တျခား လူေသရုပ္အေလာင္းႏွစ္ခု ရွိခဲ့ေၾကာင္း ေျပာပါတယ္။ “ဝူဟမ္ အသက္ရွင္သန္ခဲ့တာဟာ ဘုရားသခင္ ေက်းဇူးေၾကာင့္ျဖစ္တယ္” လို႔ မိခင္ျဖစ္သူ အန္ဒန္က ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အင်ဒိုနီးရှား ငလျင် အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်တဲ့ ၁ နှစ် အရွယ်ကလေးတွေ့ရှိ

အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၁ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးဟာ ငလျင်နဲ့ ဆူနာမီကြောင့် အပျက်အစီး တွေအောက် ပိတ်မိနေခဲ့ပေမယ့် အသက်ရှင်နေခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းရှိ ပါလူမြို့ကို အင်အားပြင်းငလျင် လှုပ်ခတ်မှုနဲ့အတူ အမြင့်ပေ ၂၀ နီးပါးရှိ ဆူနာမီလှိုင်းလုံးကြီးတွေ ဝင်ရောက်ချိန်မှာ အသက် ၁ နှစ်အရွယ်ရှိ ဝူဟန်ဟာ ရေလှိုင်းလုံးကြီးတွေနဲ့အတူ မျှောပါသွားခဲ့ပြီး ၁ ရက်ကြာ ပျောက်ဆုံးနေခဲ့ပါတယ်။

ရှာဖွေကယ်ဆယ်ရေးသမားတွေက ဝူဟန်ကို အပျက်အစီးတွေအောက် ရွံနွံတွေကြားမှာ ပြန်တွေခဲ့ကြောင်း၊ ဝူဟန်ရဲ့အနီးမှာ တခြား လူသေရုပ်အလောင်းနှစ်ခု ရှိခဲ့ကြောင်း ပြောပါတယ်။ “ဝူဟမ် အသက်ရှင်သန်ခဲ့တာဟာ ဘုရားသခင် ကျေးဇူးကြောင့်ဖြစ်တယ်” လို့ မိခင်ဖြစ်သူ အန်ဒန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)