သင္းေခြခ်ပ္ ေၾကးခြံနဲ႔ ဆင္စြယ္ ရွစ္တန္ ဗီယက္နမ္မွာ ဖမ္းမိ

0
1131

ႏိုင္ဂ်ီးရီးယားႏိုင္ငံကေန ေရေၾကာင္းကတစ္ဆင့္ ေမွာင္ခိုတင္သြင္းလာတဲ့ သင္းေခြခ်ပ္ ေၾကးခြံနဲ႔ ဆင္စြယ္ ရွစ္တန္ကို ဗီယက္နမ္မွာ ဖမ္းဆီးရမိခဲ့တယ္လို႔ ဗီယက္နမ္ရဲက ေျပာပါတယ္။

သင္းေခြခ်ပ္နဲ႔ ဆင္စြယ္ ေရာင္းဝယ္မႈကို ဗီယက္နမ္မွာ ပိတ္ပင္ထားေပမယ့္ ဗီယက္နမ္ ျပည္တြင္းနဲ႔ အိမ္နီးခ်င္း တ႐ုတ္ႏို္င္ငံတို႔က ဝယ္လိုအားျမင့္တက္ေနတာေၾကာင့္ မ်ိဳးတံုးမယ့္ အႏၱရာယ္ႀကံဳေနတဲ့ အာဖရိက ေတာ႐ိုင္းတိရစာၦန္ ေမွာင္ခိုေစ်းကြက္ ႀကီးထြားေနတာ ျဖစ္ပါတယ္။

သေဘၤာနဲ႔ တင္ပို႔လိုက္တဲ့ သင္းေခြခ်ပ္ ေၾကးခြံနဲ႔ ဆင္စြယ္ ရွစ္တန္ကို မေန႔က ေအာက္တိုဘာ ၄ ရက္ေန႔က ဒါနန္ဆိပ္ကမ္းမွာ ဖမ္းမိခဲ့တာ ျဖစ္ပါတယ္။ ႏွစ္ေပါင္းမ်ားစြာအတြင္း အမ်ားဆံုး ဖမ္းဆီးရမိမႈျဖစ္တယ္လို႔ ဗီယက္နမ္ အေကာက္ခြန္ တာဝန္ရွိသူေတြက ေျပာပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သင်းခွေချပ် ကြေးခွံနဲ့ ဆင်စွယ် ရှစ်တန် ဗီယက်နမ်မှာ ဖမ်းမိ

နိုင်ဂျီးရီးယားနိုင်ငံကနေ ရေကြောင်းကတစ်ဆင့် မှောင်ခိုတင်သွင်းလာတဲ့ သင်းခွေချပ် ကြေးခွံနဲ့ ဆင်စွယ် ရှစ်တန်ကို ဗီယက်နမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဗီယက်နမ်ရဲက ပြောပါတယ်။

သင်းခွေချပ်နဲ့ ဆင်စွယ် ရောင်းဝယ်မှုကို ဗီယက်နမ်မှာ ပိတ်ပင်ထားပေမယ့် ဗီယက်နမ် ပြည်တွင်းနဲ့ အိမ်နီးချင်း တရုတ်နိ်ုင်ငံတို့က ဝယ်လိုအားမြင့်တက်နေတာကြောင့် မျိုးတုံးမယ့် အန္တရာယ်ကြုံနေတဲ့ အာဖရိက တောရိုင်းတိရစ္ဆာန် မှောင်ခိုဈေးကွက် ကြီးထွားနေတာ ဖြစ်ပါတယ်။

သင်္ဘောနဲ့ တင်ပို့လိုက်တဲ့ သင်းခွေချပ် ကြေးခွံနဲ့ ဆင်စွယ် ရှစ်တန်ကို မနေ့က အောက်တိုဘာ ၄ ရက်နေ့က ဒါနန်ဆိပ်ကမ်းမှာ ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း အများဆုံး ဖမ်းဆီးရမိမှုဖြစ်တယ်လို့ ဗီယက်နမ် အကောက်ခွန် တာဝန်ရှိသူတွေက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)