
0
174




>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မလေးရှား ဝန်ကြီးချုပ်ဟောင်း ကတော်ကို စွဲချက် ၁၇ ခု တင်

မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူ ရိုစ်မာ မန်ဆာကို ပြစ်မှု ၁၇ ခုနဲ့ စွဲချက်တင်လိုက်ကြောင်း မလေးရှား အဂတိလိုက်စားမှု စုံစမ်းရေးအဖွဲ့က ပြောပါတယ်။

မန်ဆာဟာ အခွန်တိမ်းရှောင်မှုအပြင် တရားမဝင်အလုပ်တွေ လုပ်ကိုင်ခဲ့ပြီး ငွေကြေးခဝါချမှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ မန်ဆာကတော့ သူ့အနေနဲ့ စွဲချက်တွေနဲ့ ပတ်သက်ပြီး အမှားအယွင်း မလုပ်ခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။ မလေးရှား ရဲတပ်ဖွဲ့ဟာ ဝန်ကြီးချုပ်ဟောင်း နာဂျစ် ရာဇတ် ဖမ်းဆီးကာ စွဲချက်တင်ပြီးနောက် ဇနီးဖြစ်သူကို ထပ်မံစုံစမ်းစစ်ဆေးကာ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။

အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ရဲတွေဟာ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်နဲ့ ဇနီးဖြစ်သူ မန်ဆာတို့ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေကို စီးနင်းရှာဖွေကာ ငွေတွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)