တူရကီမွာ ေငြေၾကးေဖာင္းပြဲမႈႏႈန္း အျမင့္ဆံုးေရာက္ေန

0
1147

တူရကီႏုိင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈဟာ စက္တင္ဘာလအတြင္းမွာ ၿပီးခဲ့တဲ့ႏွစ္နဲ႔ယွဥ္ရင္ ၂၅ ရာခိုင္ႏႈန္းနီးပါး ျမင့္တက္ခဲ့ၿပီး ၁၅ ႏွစ္အတြင္းမွာ ေငြေၾကးေဖာင္းပြမႈ အျမင့္ဆံုး ျဖစ္ေနပါတယ္။ စားသုံးမႈ ေစ်းႏႈန္းအညႊန္း CPI ကို တူရကီ စာရင္းအင္းဆိုင္ရာအသင္းက ထုတ္ျပန္ခဲ့ၿပီး ႏွစ္အလိုက္ CPI တိုးျမင့္မႈႏႈန္း ၂၄ ဒသမ ၅ ရာခိုင္ႏႈန္း ရွိခဲ့ပါတယ္။

အဲဒီပမာဏဟာ ႀကိဳတင္ေမွ်ာ္မွန္းထားခ်က္ထက္ ေက်ာ္လြန္ေနခဲ့ၿပီး တူရကီရဲ႕စီးပြားေရးနဲ႔ စားသုံးသူေတြ အေပၚမွာ ေငြေၾကးအက်ပ္အတည္းရဲ႕ဂယက္ ႐ုိက္ေစခဲ့ပါတယ္။ တူရကီ ေငြတန္ဖိုးဟာ ဒီႏွစ္ အစပိုင္းကေန စတင္ၿပီး ၄၀ ရာခိုင္ႏႈန္းခန္႔ က်ဆင္းခဲ့တဲ့အတြက္ ေငြေၾကးေဖာင္းပြမႈကို ပိုဆိုးေစခဲ့ပါတယ္။ အဲဒီလို တူရကီ ေငြေၾကး လီရာ တန္ဖိုးနည္းလာတာက သြင္းကုန္တန္ဖိုး ျမင့္တာကို ျပသေနပါတယ္။

ကုန္ေဈးႏႈန္း တည္ၿငိမ္မႈအေပၚ ေငြေၾကးေဖာင္းပြမႈရဲ႕ ဂယက္႐ုိက္မႈကို ကန္႔သတ္ႏိုင္ေအာင္ ႀကိဳးပမ္းခ်က္ တစ္ရပ္အေနနဲ႔ တူရကီ ဗဟိုဘဏ္က သူ႔ရဲ႕ အဓိက အတိုးႏႈန္းကို ၿပီးခဲ့တဲ့လတုန္းက ျမႇင့္တင္ခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

တူရကီမှာ ငွေကြေးဖောင်းပွဲမှုနှုန်း အမြင့်ဆုံးရောက်နေ

တူရကီနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ စက်တင်ဘာလအတွင်းမှာ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ၁၅ နှစ်အတွင်းမှာ ငွေကြေးဖောင်းပွမှု အမြင့်ဆုံး ဖြစ်နေပါတယ်။ စားသုံးမှု ဈေးနှုန်းအညွှန်း CPI ကို တူရကီ စာရင်းအင်းဆိုင်ရာအသင်းက ထုတ်ပြန်ခဲ့ပြီး နှစ်အလိုက် CPI တိုးမြင့်မှုနှုန်း ၂၄ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။

အဲဒီပမာဏဟာ ကြိုတင်မျှော်မှန်းထားချက်ထက် ကျော်လွန်နေခဲ့ပြီး တူရကီရဲ့စီးပွားရေးနဲ့ စားသုံးသူတွေ အပေါ်မှာ ငွေကြေးအကျပ်အတည်းရဲ့ဂယက် ရိုက်စေခဲ့ပါတယ်။ တူရကီ ငွေတန်ဖိုးဟာ ဒီနှစ် အစပိုင်းကနေ စတင်ပြီး ၄၀ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှုကို ပိုဆိုးစေခဲ့ပါတယ်။ အဲဒီလို တူရကီ ငွေကြေး လီရာ တန်ဖိုးနည်းလာတာက သွင်းကုန်တန်ဖိုး မြင့်တာကို ပြသနေပါတယ်။

ကုန်ဈေးနှုန်း တည်ငြိမ်မှုအပေါ် ငွေကြေးဖောင်းပွမှုရဲ့ ဂယက်ရိုက်မှုကို ကန့်သတ်နိုင်အောင် ကြိုးပမ်းချက် တစ်ရပ်အနေနဲ့ တူရကီ ဗဟိုဘဏ်က သူ့ရဲ့ အဓိက အတိုးနှုန်းကို ပြီးခဲ့တဲ့လတုန်းက မြှင့်တင်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)