
0
347




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကားမောင်းသင်ရင်း တိုက်မိလို့ ဆော်ဒီ အမျိုးသမီး သေဆုံး

အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုတော့မယ်လို့ ဆော်ဒီအာရေဗျ အစိုးရက ကြေညာပြီးနောက် ကားမောင်းသင်တဲ့ ဆော်ဒီအမျိုးသမီးတစ်ဦးဟာ ကားတိုက်မိပြီး သေဆုံးသွားပါတယ်။

ဂျက်ဒါဒေသမှာ ပထမဆုံးအကြိမ် ကားမောင်းသင်တဲ့ အခေါက်မှာပဲ တိုက်မိပြီး သေဆုံးတာ ဖြစ်ပါတယ်။ သူ့ခင်ပွန်းကိုယ်တိုင် ကားမောင်းသင်ပေးနေချိန် လီဗာကို အရှိန်နဲ့ နင်းမိပြီး ကွန်ကရစ်တုံးကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၂၀၁၈ မှာ အမျိုးသမီးတွေကို ကားမောင်းခွင့် ပြုတော့မယ်လို့ ဆော်ဒီအာရေဗျ ဘုရင် ဆယ်လ်မန်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)