
0
410




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ချီကာဂို မာရသွန် အပြေးပြိုင်ပွဲမှာ ၈၁ နှစ်အရွယ် အဘိုးအို ဝင်ပြိုင်မယ်

အမေရိကန်၊ ချီကာဂိုမှာ ကျင်းပမယ့် ၂၆ မိုင် မာရသွန် အပြေးပြိုင်ပွဲကို အသက် ၈၁ နှစ်အရွယ် အဘိုးအိုက ဝင်ပြိုင်ဖို့ ကြိုးပမ်းနေပါတယ်။

မက်စ် ဒေါင်ဟမ် ပုံမှန် အပြေးလေ့ကျင့်ခဲ့ဖူးပေမယ့် ပြိုင်ပွဲတော့ တစ်ခါမှ မဝင်ဖူးပါဘူး။ အပြေးလေ့ကျင့်တာဟာ ကိုယ်ခန္ဓာကို ပုံပန်းကျနစေပြီး ကျန်းမာရေး ကောင်းစေတယ်၊ အပြေးပြိုင်ပွဲ ခြင်းချင်တာကတော့ ကိုယ့်ကျန်းမာရေး ကောင်းနေဆဲဆိုတာကို သေချာဖို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကစပြီးတော့ ဒေါင်ဟမ်ဟာ လေ့ကျင့်ရေးဆရာနဲ့အတူ လေ့ကျင့်နေတာ ဖြစ်ပြီး အောက်တိုဘာ ၈ ရက်နေ့ မာရသွန်ပြိုင်ပွဲမှာ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)