ၿဗိတိန္မွာ ေဒၚလာ သန္း ၁၀၀ ေက်ာ္တန္ဖိုး႐ွိတဲ့ ဘိန္းျဖဴေတြ စံခ်ိန္တင္ဖမ္းမိ

0
104

ကုန္တင္သေဘၤာတစ္စင္းေပၚမွာ တင္ေဆာင္လာတဲ့ အေလးခ်ိန္ ၁ ဒသမ ၃ တန္နီးပါး႐ွိတဲ့ ဘိန္းျဖဴေတြကို သိမ္းဆည္းရမိေၾကာင္း ၿဗိတိန္ အမ်ဳိးသားရာဇဝတ္မႈ ေအဂ်င္စီ (NCA) က စက္တင္ဘာလ ၄ ရက္ေန႔က ထုတ္ျပန္ခဲ့ပါတယ္။

ၾသဂုတ္လ ၃၀ ရက္ေန႔က အဂၤလန္ႏိုင္ငံေတာင္ပိုင္း ဖီးလစ္စတိုး ဆိပ္ကမ္းကို ဆုိက္ကပ္ခဲ့တဲ့ MV Gibraltar အမည္႐ွိတဲ့ သေဘၤာကို စစ္ေဆးမႈေတြျပဳလုပ္စဥ္မွာ ဖမ္းမိခဲ့တာျဖစ္ပါတယ္။ ဘိန္းျဖဴေတြကို မ်က္ႏွာသုတ္ပုဝါထဲမွာ ထည့္ၿပီး ဝွက္ထားတာျဖစ္ေၾကာင္း ၊ မ်က္ႏွာသုတ္ ပုဝါတစ္ခုအတြင္း  တစ္ ကီလို အေလးခ်ိန္႐ွိတဲ့ ဘိန္းျဖဴျပားတစ္ျပားစီထည့္ထားေၾကာင္းနဲ႔ မူးယစ္ေဆးဝါးအားလံုးကို ၆ နာရီၾကာထုတ္ယူခဲ့ရေၾကာင္း ရဲတပ္ဖြဲ႕ကေျပာပါတယ္။

ကာလေပါက္ေစ်း အေမရိကန္ေဒၚလာ ၁၄၅ သန္းေက်ာ္ တန္ေၾကး႐ွိတဲ့ မူးယစ္ေဆးဝါးေတြကို ဘယ္လ္ဂ်ီယံက အန္တြာပ္ဆိပ္ကမ္းကို ပို႔ေဆာင္ဖို႔စီစဥ္ထားတာျဖစ္ၿပီး သြားေနတဲ့ လမ္းမွာ ဖီးလစ္ ႐ႈိးဆိပ္ကမ္းကို ေခတၱ ဆိုက္ကပ္ခဲ့တာျဖစ္ပါတယ္။

ဗြိတိန်မှာ ဒေါ်လာ သန်း ၁၀ဝ ကျော်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေ စံချိန်တင်ဖမ်းမိ

ကုန်တင်သင်္ဘောတစ်စင်းပေါ်မှာ တင်ဆောင်လာတဲ့ အလေးချိန် ၁ ဒသမ ၃ တန်နီးပါးရှိတဲ့ ဘိန်းဖြူတွေကို သိမ်းဆည်းရမိကြောင်း ဗြိတိန် အမျိုးသားရာဇဝတ်မှု အေဂျင်စီ (NCA) က စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့က အင်္ဂလန်နိုင်ငံတောင်ပိုင်း ဖီးလစ်စတိုး ဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တဲ့ MV Gibraltar အမည်ရှိတဲ့ သင်္ဘောကို စစ်ဆေးမှုတွေပြုလုပ်စဉ်မှာ ဖမ်းမိခဲ့တာဖြစ်ပါတယ်။ ဘိန်းဖြူတွေကို မျက်နှာသုတ်ပုဝါထဲမှာ ထည့်ပြီး ဝှက်ထားတာဖြစ်ကြောင်း ၊ မျက်နှာသုတ် ပုဝါတစ်ခုအတွင်း တစ် ကီလို အလေးချိန်ရှိတဲ့ ဘိန်းဖြူပြားတစ်ပြားစီထည့်ထားကြောင်းနဲ့ မူးယစ်ဆေးဝါးအားလုံးကို ၆ နာရီကြာထုတ်ယူခဲ့ရကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၄၅ သန်းကျော် တန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဘယ်လ်ဂျီယံက အန်တွာပ်ဆိပ်ကမ်းကို ပို့ဆောင်ဖို့စီစဉ်ထားတာဖြစ်ပြီး သွားနေတဲ့ လမ်းမှာ ဖီးလစ် ရှိုးဆိပ်ကမ်းကို ခေတ္တ ဆိုက်ကပ်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)