ဥေရာပထိပ္သီးလိဂ္ ငါးခု ေျပာင္းေ႐ႊ႕ေၾကး စရိတ္ အေမရိကန္ေဒၚလာ ငါးဘီလီယံ ေက်ာ္ခဲ့

0
68

စက္တင္ဘာ ၂ ရက္ေန႔က ၿပီးဆံုးသြားတဲ့ ဥေရာပ ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ အတြင္း ဥေရာပ ထိပ္သီးလိဂ္ ငါးခု ရဲ႕ အေျပာင္းအေရႊ႕အသံုးစရိတ္က ေပါင္ ငါးဘီလီယံ ေက်ာ္ရွိခဲ့တယ္လို႔ ၿဗိတိန္အေျခစိုက္ ဘီဘီစီသတင္းကဆိုပါတယ္။

ဒီပမာဏ ဟာ ၿပီးခဲ့တဲ့ ႏွစ္ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္အတြင္းသံုးစြဲတဲ့ ေငြေၾကးပမာဏထက္ ေပါင္ သန္း ၈၀၀ မ်ားေနပါတယ္။ ၿပီးဆံုးသြားတဲ့ ဥေရာပ ေႏြရာသီ အေျပာင္းအေရႊ႕ေစ်းကြက္ အတြင္း ပရီးမီယားလိဂ္ က ေငြေၾကးအမ်ားဆံုးသံုးစြဲခဲ့ၿပီး ေပါင္ ၁ ဒသမ ၄၁ ဘီလီယံ သံုးစြဲခဲ့ပါတယ္။

စပိန္လာလီဂါ ကလည္း ေပါင္ ၁ ဒသမ ၂၄ ဘီလီယံ သံုးစြဲခဲ့ၿပီး ၂၀၁၇ ခုႏွစ္ေနာက္ပိုင္းအေျပာင္းေရႊ႕ေစ်းကြက္အတြင္းသံုးစြဲမႈထက္ ႏွစ္ဆျမင့္တက္လာပါတယ္။ ဒါ့အျပင္ အီတလီစီးရီးေအ၊ ျပင္သစ္လီဂူး၀မ္း နဲ႔ ဂ်ာမနီ ဘြန္ဒက္လီဂါ တို႔ကလည္း  အေျပာင္းအေရႊ႕ကာလအတြင္း ေျပာင္းေရႊ႕ေၾကးစံခ်ိန္တင္ သံုးစြဲခဲ့ၿပီး ၿပီးခဲ့တဲ့ေႏြရာသီထက္ ပိုမိုမ်ားျပားခဲ့တယ္လို႔ ဘီဘီစီသတင္းဌာနကဆိုပါတယ္။

ဥရောပထိပ်သီးလိဂ် ငါးခု ပြောင်းရွှေ့ကြေး စရိတ် အမေရိကန်ဒေါ်လာ ငါးဘီလီယံ ကျော်ခဲ့

စက်တင်ဘာ ၂ ရက်နေ့က ပြီးဆုံးသွားတဲ့ ဥရောပ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် အတွင်း ဥရောပ ထိပ်သီးလိဂ် ငါးခု ရဲ့ အပြောင်းအရွှေ့အသုံးစရိတ်က ပေါင် ငါးဘီလီယံ ကျော်ရှိခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဘီဘီစီသတင်းကဆိုပါတယ်။

ဒီပမာဏ ဟာ ပြီးခဲ့တဲ့ နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်းသုံးစွဲတဲ့ ငွေကြေးပမာဏထက် ပေါင် သန်း ၈၀ဝ များနေပါတယ်။ ပြီးဆုံးသွားတဲ့ ဥရောပ နွေရာသီ အပြောင်းအရွှေ့ဈေးကွက် အတွင်း ပရီးမီယားလိဂ် က ငွေကြေးအများဆုံးသုံးစွဲခဲ့ပြီး ပေါင် ၁ ဒသမ ၄၁ ဘီလီယံ သုံးစွဲခဲ့ပါတယ်။

စပိန်လာလီဂါ ကလည်း ပေါင် ၁ ဒသမ ၂၄ ဘီလီယံ သုံးစွဲခဲ့ပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်းအပြောင်းရွှေ့ဈေးကွက်အတွင်းသုံးစွဲမှုထက် နှစ်ဆမြင့်တက်လာပါတယ်။ ဒါ့အပြင် အီတလီစီးရီးအေ၊ ပြင်သစ်လီဂူးဝမ်း နဲ့ ဂျာမနီ ဘွန်ဒက်လီဂါ တို့ကလည်း အပြောင်းအရွှေ့ကာလအတွင်း ပြောင်းရွှေ့ကြေးစံချိန်တင် သုံးစွဲခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီထက် ပိုမိုများပြားခဲ့တယ်လို့ ဘီဘီစီသတင်းဌာနကဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)