အာဖဂန္နစၥတန္၊ ကဘူးလ္ၿမိဳ႕မွာ ကားဗံုးေပါက္ကြဲမႈျဖစ္ပြား

0
71

အာဖဂန္နစၥတန္ႏိုင္ငံ၊ ကဘူးၿမိဳ႕လယ္မွာ စက္တင္ဘာလ ၅ ရက္ေန႔ ၾကာသာပေတးေန႔ မနက္ ၁၀ နာရီ ၁၀ မိနစ္က ကားဗံုးေပါက္ကြဲမႈ တစ္ခုျဖစ္ပြားခဲ့ပါတယ္။

အခုျဖစ္ရပ္ကို သူတို႔လုပ္တာျဖစ္တယ္လို႔ တာလီဘန္ေတြက ေျပာပါတယ္။ အခုတုိက္ခိုက္မႈဟာ ႐ွက္ ဒရက္ခ္ ဧရိယာထဲက အမ်ဳိးသားလံုးၿခံဳေရးညႊန္ၾကားေရး႐ံုးထဲမွာ႐ွိတဲ့ ႏိုင္ငံျခား အဖြဲ႕အစည္းေတြ ပစ္မွတ္ထားတာျဖစ္ပါတယ္။ အေမရိကန္နဲ႔ တာလီဘန္တို႔ ေဒသတြင္း ၿငိမ္းခ်မ္းေရး အတြက္ ေဆြးေႏြးေနစဥ္မွာပဲ ကဘူးလ္ၿမဳိ႕မွာ တိုက္ခိုက္မႈေတြ ဆက္တိုက္ျဖစ္ေနတာပါ။ 

ေပါက္ကြဲမႈျဖစ္ပြားခဲ့တဲ့ေနရာအနီးမွာ အာဖဂန္အေျခစိုက္ NATO ႐ံုးခ်ဳပ္၊ အာဖဂန္နစၥတန္ရဲ႕ ကာကြယ္ေရးဝန္ႀကီးဌာန၊ အာဖဂန္အေျခစိုက္ CIA ႐ုံုးခြဲနဲ႔ အမ်ဳိးသားလံုၿခံဳေရးညႊန္ၾကားေရး႐ုံး စတဲ့ အဓိက အေဆာက္အဦးေတြတည္႐ွိတဲ့ေနရာျဖစ္ပါတယ္။ အေမရိကန္ စစ္သား ၅၀၀၀ ေက်ာ္ကို အာဖဂန္ကေန ျပန္႐ုပ္သိမ္းမယ္ဆိုတဲ့ ညႇိႏိႈင္းခ်က္ထြက္ေပၚလာၿပီးေနာက္ အခုလိုတိုက္ခိုက္မႈဆက္ျဖစ္ပြားတာပါ။

အာဖဂန်နစ္စတန်၊ ကဘူးလ်မြို့မှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ၊ ကဘူးမြို့လယ်မှာ စက်တင်ဘာလ ၅ ရက်နေ့ ကြာသာပတေးနေ့ မနက် ၁၀ နာရီ ၁၀ မိနစ်က ကားဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။

အခုဖြစ်ရပ်ကို သူတို့လုပ်တာဖြစ်တယ်လို့ တာလီဘန်တွေက ပြောပါတယ်။ အခုတိုက်ခိုက်မှုဟာ ရှက် ဒရက်ခ် ဧရိယာထဲက အမျိုးသားလုံးခြုံရေးညွှန်ကြားရေးရုံးထဲမှာရှိတဲ့ နိုင်ငံခြား အဖွဲ့အစည်းတွေ ပစ်မှတ်ထားတာဖြစ်ပါတယ်။ အမေရိကန်နဲ့ တာလီဘန်တို့ ဒေသတွင်း ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနေစဉ်မှာပဲ ကဘူးလ်မြို့မှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်နေတာပါ။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာအနီးမှာ အာဖဂန်အခြေစိုက် NATO ရုံးချုပ်၊ အာဖဂန်နစ္စတန်ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ အာဖဂန်အခြေစိုက် CIA ရုုံးခွဲနဲ့ အမျိုးသားလုံခြုံရေးညွှန်ကြားရေးရုံး စတဲ့ အဓိက အဆောက်အဦးတွေတည်ရှိတဲ့နေရာဖြစ်ပါတယ်။ အမေရိကန် စစ်သား ၅၀ဝ၀ ကျော်ကို အာဖဂန်ကနေ ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ ညှိနှိုင်းချက်ထွက်ပေါ်လာပြီးနောက် အခုလိုတိုက်ခိုက်မှုဆက်ဖြစ်ပွားတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)