
0
76

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကိုဖြေရှင်းနိုင်ဖို့ တရုတ် နဲ့ အမေရိက န်နိုင်ငံကြား ၀န်ကြီးအဆင့် ထိပ်သီးဆွေးနွေးပွဲကို ဒီိလမှာမလုပ်ဘဲ လာမယ့်အောက်တိုဘာလမှသာ ပြုလုပ်နိုင်မယ်လို့ တရုတ်နိုင်ငံပိုင်သတင်းတွေကဖော်ပြပါတယ်။ 



ကုန်သွယ်ရေး အငြင်းပွားမှုဖြေရှင်းဖို့ လာမယ့်လမှာ တရုတ် နဲ့ အမေရိကန်ထပ်မံဆွေးနွေးမယ်

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကိုဖြေရှင်းနိုင်ဖို့ တရုတ် နဲ့ အမေရိကန်နိုင်ငံကြား ဝန်ကြီးအဆင့် ထိပ်သီးဆွေးနွေးပွဲကို ဒိီလမှာမလုပ်ဘဲ လာမယ့်အောက်တိုဘာလမှသာ ပြုလုပ်နိုင်မယ်လို့ တရုတ်နိုင်ငံပိုင်သတင်းတွေကဖော်ပြပါတယ်။

တရုတ် ဒုတိယဝန်ကြီးချုပ်ဟာ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ် ရုံးအကြီးအကဲ၊ ကုန်သွယ်ရေးဝန်ကြီးတို့နဲ့ဖုန်းဆက်ဆွေးနွေးပြီးနောက် လာမယ့် လမှာ ဝန်ကြီးအဆင့် တွေ့ဆုံဆွေးနွေးဖို့ သဘောတူညီခဲ့ပါတယ်။

အမေရိကန် နဲ့ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကုန်သွယ်ရေးစစ်ပွဲစတင်ခဲ့ပြီး နှစ်နိုင်ငံကြားကုန်သွယ်ခွန် အပြန်အလှန်တိုးကောက်ခဲ့ပါတယ်။ ကုန်သွယ်ရေးအငြင်းပွားမှုတွေကိုဖြေရှင်းဖို့ ပြီးခဲ့တဲ့ လတွေမှာ ဆွေးနွေးခဲ့ပေမယ့် တိကျတဲ့ သဘောတူညီမှုမျိုးမရခဲ့ပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)