
0
87




တရားခံကို တရုတ်နိုင်ငံဆီလွှဲပေးမယ့် ဥပဒေကြမ်းကို ဟောင်ကောင် ပြန်ရုတ်သိမ်းမယ်

တရားခံလို့ သံသယရှိသူတွေကို တရုတ်ပြည်မကြီးကို လွှဲပြောင်းနိုင်တဲ့ ဥပဒေပြင်ဆင်ချက် မူကြမ်းကို ရုပ်သိမ်းမယ်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီ လမ် က တရားဝင်ကြေညာလိုက်ပါတယ်။

သူက အခုအချိန်အထိ ဒီဥပဒေပြင်ဆင်ချက်မူကြမ်းဟာ လက်တွေ့အားဖြင့် ပျက်ပြယ်သွားပြီဆိုတဲ့ သဘောထားကို ပြသခဲ့ပေမဲ့ တရားဝင် မရုပ်သိမ်းခဲ့ပါဘူး။ အဲဒါကို မကျေနပ်တဲ့ မြို့သူမြို့သားတွေက ၃လလောက်ကြာအောင် ဆန့်ကျင်ဆန္ဒပြပွဲတွေကို လုပ်ဆောင်လာခဲ့ကြပါတယ်။

ဟောင်ကောင် အုပ်ချုပ်ရေးအဖွဲ့ အနေနဲ့ လူထုလှုပ်ရှားမှုရဲ့ တောင်းဆိုချက် တစ်စိတ်တစ်ဒေသကို လက်ခံခြင်းအားဖြင့် အနေအထားတွေကို တည်ငြိမ်အောင် လုပ်ဆောင်လိုပုံရတယ်လို့ ယူဆရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)