
0
64



သဘောတူညီချက်မရဘဲ EU ကထွက်မယ်ဆိုရင် ဗြိတိန် ဆုံးရှုံးမှုများနိုင်

သဘောတူညီချက်မရဘဲ ဥရောပသမဂ္ဂ EU ကနေ ဗြိတိန်နုတ်ထွက်ခဲ့မယ်ဆိုရင် ဗြိတိန်အနေနဲ့ EU နဲ့ ကုန်သွယ်မှုမှာ နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၆ဘီလီယံ ဆုံးရှုံးနိုင်တယ် လို့ ကုလသမဂ္ဂ က ပြောပါတယ်။

ဗြိတိန်အနေနဲ့ ဒါဇင်နဲ့ချီတဲ့ နိုင်ငံတွေရဲ့ ဈေးကွက်တွေကို လက်လွတ်ရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂကဆိုပါတယ်။ မော်တော်ယာဉ် ကဏ္ဍဟာ ကုန်သွယ်မှုမှာ ၅ဘီလီယံ ဒေါ်လာလောက် ဆုံးရှုံးပြီး ထိခိုက်နစ်နာမှု အဆိုးဆုံးဖြစ်လာနိုင်ကြောင်း၊ အဝတ်အထည်နဲ့ အထည်အလိပ် တင်ပို့မှုဟာ ၂ဘီလီယံ ဒေါ်လာလောက် ကျဆင်းနိုင်ကြောင်း ကုလသမဂ္ဂကဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)