
0
80




ကုန်သွယ်ရေးဆွေးနွေးမှု အချိန်နေမှုအပေါ် အမေရိကန် သမ္မတ ပြစ်တင်

ကုန်သွယ်ရေးဆွေးနွေးပွဲတွေကို အချိန်ဆွဲနေတာနဲ့ ပတ်သက်ပြီး တရုတ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြစ်တင်ဝေဖန်လိုက်ပြီး သူအာဏာမရှိတော့တဲ့ အချိန်အထိ တရုတ်က စောင့်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။

ထရမ်က ” တရုတ်ဟာ နောက်အစိုးရသစ်နဲ့ ဖြေရှင်းချင်တာ ဖြစ်မယ်” လို့ တွစ်တာမှာ ရေးသားထားပါတယ်။ တရုတ်ဟာ လာမယ့်နှစ် သမ္မတ ရွေးကောက်ပွဲရဲ့ ရလဒ်ကို စောင့်နေပြီး သမ္မတသစ် မျှော်လင့်နေတယ်လို့ လည်း သူက ရေးထားပါတယ်။ သူ ထပ်ပြီး အနိုင်ရခဲ့ရင်တော့ အဲဒီပြဿနာကို ဖြေရှင်းဖို့ ဒါထက် ပိုပြီးခက်ခဲလာလိမ့်မယ်” လို့လဲ ထပ်ရေးထားပါတယ်။

ထရမ့်ဟာ စက်တင်ဘာလ ဝါရှင်တန်မှာ ဝန်ကြီးများအဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲတွေ လုပ်ဖို့ စီစဉ်ထားပေမယ့် တရုတ်က အကြောင်းမပြန်တာကြောင့် နေ့ရက်ကို မသတ်မှတ်ရသေးပါဘူး။ ကုန်သွယ်ရေးစစ်ပွဲဟာ တရုတ်အပေါ် ရိုက်ခတ်မှု အရှိန်ပြင်းထန်လာပြီး အမေရိကန်ရဲ့ စီးပွားရေးပေါ်မှာလဲ သက်ရောက်မှုတွေ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)