ဖိလစ်ပိုင်မှာ စစ်သွေးကြွတွေနဲ့ တိုက်ပွဲကြား သေဆုံးခဲ့သူတွေကို မြေမြှုပ်သင်္ဂြိုဟ်

0
407

ဖိလစ်ပိုင်နိုင်ငံ၊ မာရာဝီမြို့မှာ အစ္စလာမ် အစွန်းရောက်တွေနဲ့ အစိုးရတပ်ဖွဲ့ တွေကြား တိုက်ပွဲ အတွင်း သေဆုံးသွားသူ  အကြမ်းဖက်သမားတစ်ချို့ရဲ့ ရုပ်အလောင်း အပါအ၀င်  အရပ်သား ၂၈ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ဒီကနေ့ စက်တင်ဘာ ၅ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြပါတယ်။

ဇွန်လကနေပြီး အခုလို မြေမြှုပ်သင်္ဂြိုဟ်ပေးခဲ့တဲ့ အလောင်း ၈၈ လောင်း ရှိခဲ့ပြီလို့ ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင်က ပြောခဲ့ပါတယ်။ အစွန်းရောက် မွတ်စလင်တွေ သိမ်းပိုက်ထားတဲ့ နေရာတွေကို အစိုးရစစ်တပ်ဘက်က စတင်တိုက်ခိုက်ခဲ့ရာ ပြီးခဲ့တဲ့ မေလအတွင်းက သေဆုံးသူ ၈၀၀ နီးပါးထဲက အများစုဟာ အကြမ်းဖက်သူတွေပဲ ဖြစ်ကြပါတယ်။

ကက်သလစ် ခရစ်ယာန် ဘာသာဝင်အများစု နေထိုင်ကြတဲ့ ဖိလစ်ပိုင်မှာ  မင်ဒါနာအို ကျွန်းက မွတ်စလင်ခွဲထွက်ရေး ပုန်ကန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး စိန်ခေါ်မှုကြီးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)