အိန္ဒိယက ကလေးငယ်တွေသေဆုံးမှု  ၂၀၀ နီးပါး ရှိလာ

0
347

အိန္ဒိယနိုင်ငံ ရမ် မနိုဟာ လိုဟီယာ ဆေးရုံမှာ တစ်လအတွင်း အောက်ဆီဂျင်ပြတ် လတ်မှု ကြောင့် သေဆုံးခဲ့တဲ့ ကလေးငယ်တွေအပါအ၀င် သေဆုံးခဲ့သူ ကလေးငယ် ၄၉ ယောက်အထိ ရှိလာ နေပါတယ်။အဲ့ဒီကလေးငယ်တွေဟာ ဇူလိုင် ၂၁  နဲ့ သြဂုတ်လ ၂၀ ရက်အတွင်း သေဆုံးခဲ့ကြ တာပါ။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ဂိုရက်ပူရရှိ ဆေးရုံမှာ အောက်ဆီဂျင်လိုအပ်ချက်ကြောင့် အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၆၀ နီးပါး သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။ဒါပေမဲ့လည်း အဲ့ဒီ ကိစ္စနဲ့ပတ်သတ်လို့ အကြီးတန်း အာဏာပိုင်တွေက ငြင်းဆိုမှုတွေ ရှိနေပါတယ်။

ဂိုရက်ပူရက ဘယဘယ ရာဟေ့ဗ် ဒက်စ် ဆေးရုံမှာ အနည်းဆုံးကလေးငယ် ၆၀ သေဆုံးခဲ့ပြီး တဲ့ နောက် မှာ မှ နောက်ထပ် ကလေးအယောက် ၃၀ ဟာ ၂ ရက်အတွင်းသေဆုံးသွားခဲ့တာပါ။ သြဂုတ်လ ၁၅ ရက်နေအထိ သေဆုံးခဲ့တဲ ကလေးငယ်ဟာ ၁၀၀ နီးပါးအထိ မြင့်တက်လာနေပြီဖြစ်ပါတယ်။

အိန္ဒိယ သတင်းတွေမှတော့ ပုဂ္ဂလိကဘက်ကနေ ဒေါ်လာ  ၉ သောင်းကျော်ဖိုးရှိတဲ့ အောက်ဆီဂျင် တွေကို ထောက်ပံ့ပေးလှူတာတွေ ရှိခဲ့တယ်လို့ ဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

သြဂုတ်လ  ၂၇  နဲ့ ၂၉ အတွင်း မှာလည်း အဲ့ဒီဆေးရုံတွေမှာပဲ နောက်ထပ် မွေးကင်းစကလေးငယ် ၃၀ အပါအ၀င် ကလေးငယ် ၆၀ သေဆုံးခဲ့ပါတယ်။  ဒါဟာ အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် မဟုတ်ဘဲ ရာသီရောဂါပိုးတစ်မျိုးကြောင့် ဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ က  ခဲ့ပါတယ်။

အဲ့ဒီလို သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စက်တင်ဘာ ၄ ရက်နေ့က မနိုဟာ လိုဟီယာ ဆေးရုံကို ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးခဲ့ပါတယ်။ ဒီဒေသဟာ နှစ်စဉ်နှစ်တိုင်း  ဦးနှောက်အမှေးရောင် ရောဂါအပါ အ၀င် တစ်ခြားရောဂါအမျိုးမျိုးကြောင့် သေဆုံးသူ ကလေးငယ် ရာကျော်ရှိစမြဲဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)