ဥရောပနိုင်ငံကို မူးယစ်ကိစ္စစုံစမ်းမှုတွေမှာ သင်္ဘောဆိပ်ကမ်းတွေကို အဓိကထားကြဖို့ ဘရာဇီးရဲ ပြော

0
326

ဘရာဇီးနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၄ ရက်နေ့က  ကိုကင်း၊  လူကုန်ကူးမှုကိစ္စ တွေနဲ့ ပတ်သက်လို့   တစ်နှစ်အတွင်း လူပေါင်း ၁၂၀ ကို နိုင်ငံတလွှားမှာ ဖမ်းဝရမ်းထုတ်ထားခဲ့ပြီး နိုင်ငံရဲ့ ဆိပ်ကမ်းတွေမှာ တွေ့ရှိရတဲ့   မူးယစ်ဆေးတွေနဲ့ ပတ်သက်လို့ မူးယစ်ဂိုဏ်းနဲ့ ဆက်နွယ်မှုတွေကို စုံစမ်းဖော်ထုတ်ခဲ့ကြ ပါတယ်။

မူးယစ်ဂိုဏ်းတွေက အနည်းဆုံး ကိုကင်း ၆ တန်လောက်ရှိတဲ့ မူးယစ်ဆေးတွေကို ဘရာဇီးဆိပ်ကမ်း တွေဖြစ်တဲ့ ဆန်တို့စ်၊ ဆယ်လ်ဗာဒိုး  နဲ့ အီတာဂျီ Itaji တို့ ကနေ သင်္ဘောနဲ့ တင်ပို့နေတယ်လို့ ဘရာဇီးအာဏာပိုင်တွေက ပြောပါတယ်။

မူးယစ်ဂိုဏ်းတွေဟာ ကိုကင်း မူးယစ်ဆေးတွေကို ဘယ်လ်ဂျီယံက အန်ဝါ့ပ်မြို့၊ အီတလီက ဂျော်အီယာ တူရို မြို့နဲ့ စပိန် က ဗလင်စီယာမြို့တွေကို ပေးပို့မှုတွေ ရှိနေတယ်လို့  ဘရာဇီး ရဲအရာရှိ တွေက ပြောကြား ထားပါတယ်။

ဘရာဇီးရဲတပ်ဖွဲ့ဝင်တွေ ပြောကြားမှုတွေကို ပူးပေါင်းပါဝင်ပေးကြဖို့ အမေရိကန် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အဖွဲ့ (DEA) ပြောပါတယ်။

ဆာအိုပေါ်လို၊ မီနပ်စ် ဂါရေ့စ်၊ ဆန်တာ ကာတာရီနာ၊ ပါရာနာ၊ ရီယို ဂရန်ဒီ ဒို ဆယ်လ်နဲ့  ဖက်ဒရယ် ပြည်နယ်တွေမှာ  မူးယစ်ဆေးဝါးကုန်ကူးသူတွေကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ထားခဲ့ပြီလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)