ဟာရီကိန်း ဟာဗေးကြောင့် သေဆုံးသူ ၆၀ ရှိ

0
246

ဟာရီကိန်း ဟာဗေးကြောင့် လူ ၆၀ လောက် သေဆုံးတယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပြီး အဲဒီစာရင်းဟာ မုန်းတိုင်းဒဏ်ကြောင့်ရော မုန်တိုင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ပါ သေဆုံးရခြင်း ဖြစ်ပါတယ်။

ဒီစာရင်းဟာ မနေ့က စက်တင်ဘာလ ၄ ရက်အထိ အတည်ပြုထားတဲ့ စာရင်းဖြစ်ပြီး အိမ်ထောင်စု ၅ သောင်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အိမ်ခြေ ၄ သောင်းခန့်နဲ့ ကား ၁ သန်း လောက် ပျက်စီးဆုံးရှုံးပါတယ်။

ဟူစတန်နဲ့ အနီးတဝိုက် ဒေသတွေမှာ အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ပြန်လည် တည်ဆောက်မှုတွေ လုပ်ဖို့  လိုအပ်တဲ့ ဒေါ်လာ ၇ ဒသမ ၉ သန်းကို ကနဦးအနေနဲ့ ပေးဖို့ လွှတ်တော်က ခွင့်ပြုပေးမယ်လို့ မျှော်လင့်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)