ဂရင်းဖဲလ် တာဝါ မီးလောင်မှုမှာ ကျန်ရစ်သူ၊ မျက်မြင်ကြုံတွေ့သူ ၂၀ ဦး သတ်သေဖို့ ကြိုးစား

0
299

လန်ဒန်မြို့ရှိ ဂရင်းဖဲလ် တာဝါ မီးလောင်မှုမှာ အသက်ရှင် ကျန်ရစ်သူနဲ့ မျက်မြင် ကြုံတွေ့သူ အနည်းဆုံး ၂၀ ဦးဟာ ကိုယ့်ကိုယ်ကို သတ်သေဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အဆုံးစီရင်မှု၏ တိတ်ဆိတ်ခြင်း ဆိုတဲ့ အဖွဲ့ကို တည်ထောင်သူ ယူဗက်တီ ဂရင်းဝေးလ်က အဲဒီလူတွေကို တွေ့ဆုံစကားပြောပြီးနောက် သတ်သေဖို့ ကြိုးပမ်းမှုတွေ ရှိကြောင်း ထုတ်ဖော်ပြောကြားတာ ဖြစ်ပါတယ်။

ဂရင်းဖဲလ် တာဝါမှာ နေထိုင်ခဲ့သူတွေဟာ တာဝါကြီး မီးလောင်နေတဲ့ပုံတွေကို စိတ်ထဲက ထုတ်မရကြဘူး၊ အဲဒီတော့ မေ့ပစ်ဖို့ အရက်သောက်တယ်၊ ဆေးသုံးစွဲတယ်၊ အထီးကျန်လာတယ်၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားလာရတယ်လို့ ဂရင်းဝေးက ပြောပါတယ်။

ဂရင်းဖဲလ် တာဝါ မီးလောင်မှုမှာ အသက်ရှင် ကျန်ရစ်သူ၊ မျက်မြင်ကြုံတွေသူတွေအတွက် လုံလောက်တဲ့ စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေ မရှိဘူးလို့လည်း ဝေဖန်မှုတွေ ရှိနေပါတယ်။ သူတို့ဟာ ကိုယ့်ကိုယ်ကို ကုစားရင်း စိတ်ဒဏ်ရာတွေ ဖိစီးနေကြတာ ဖြစ်ပါတယ်။

စိတ်ဒဏ်ရာ ခံစားနေရသူတွေထဲမှာ တာဝါကြီး မီးလောင်နေတာကို မြင်နေရတဲ့ အိမ်နီးနားချင်းတွေ၊ တာဝါကြီးပေါ်က ကလေးတွေ ပြုတ်ကျလာကို မြင်တွေ့ရသူတွေ၊ မီးလောင်ပြီး ပြာတွေဖုံးနေတဲ့ မိတ်ဆွေ၊ ဆွေမျိုးသားချင်းတွေကို မြင်တွေ့ခဲ့ရသူတွေပါ စိတ်ဒဏ်ရာတွေ ခံစားနေကြရတာဖြစ်ပြီး ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ ကြိုးပမ်းလာကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)