ထရမ့် ကြွေးကြော်သံ အင်္ကျီဝတ်လာတဲ့ ကျောင်းသားတွေကို ကျောင်းဆရာမ အတန်းထဲက နှင်ထုတ်

0
310

အမေရိကန်၊ ဂျော်ဂျီယာပြည်နယ်ရှိ အထက်တန်းကျောင်းက ဆရာမတစ်ဦးဟာ သမ္မတ ထရမ့်ရဲ့ ရွေးကောက်ပွဲ ကြွေးကြော်သံ စာတမ်းပါ အင်္ကျီ ဝတ်လာတဲ့ ကျောင်းသားနှစ်ယောက်ကို စာသင်ခန်းထဲက နှင်ထုတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ချာရိုကီ စီရင်စုရှိ ရေးဗား ရိတ်ဒ် အထက်တန်းကျောင်းမှာ သမ္မတ ထရမ့်ရဲ့ ကြွေးကြော်သံဖြစ်တဲ့ ‘မဟာ အမေရိက တဖန် ဖြစ်ရေး’ စာတမ်းပါ အင်္ကျီ ဝတ်လာတဲ့အတွက် သင်္ချာဆရာမ လင်း အော်လက်စကီက စာသင်ခန်းထဲက နှင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

နာဇီဟစ်တလာရဲ့ စင်္ကြာတံဆိပ် မဝတ်ရသလိုပဲ၊ စာသင်ခန်းထဲမှာ ဒီ ‘မဟာ အမေရိက တဖန် ဖြစ်ရေး’ ဆိုတာလည်း မဝတ်ရဘူးလို့ ဆရာမက ပြောခဲ့ပါတယ်။

ချာရိုကီ စီရင်စု စာသင်ကျောင်းများအဖွဲ့က ပြောခွင့်ရသူ ဘာဘရာ ဂျက်ကိုဘီကတော့ ဆရာမတစ်ဦးအနေနဲ့ အဲလိုပြောတာ မှားယွင်းတယ်၊ အဲဒီစာတမ်းဝတ်တဲ့အတွက် ကျောင်းဥပဒေကို ချိုးဖောက်ရာ မရောက်ပါဘူးလို့ ပြောပါတယ်။

သမ္မတ ထရမ့်ကို မနှစ်သက်တဲ့ ဆရာမရဲ့ ပုဂ္ဂလိက ခံစားချက်ကြောင့် ပြောဆိုခဲ့တာဖြစ်ပြီး ကျောင်းအုပ်ကြီးကတော့ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေကို တောင်းပန်ခဲ့ပါတယ်။ ဆရာမရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီးတော့ မှတ်ချက်ပေးခြင်းတော့ မရှိပါဘူး။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)