အိန္ဒိယမှာ ဆင်နဲ့ ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ဖို့ ကြိုးစားသူ ဆင် နင်းလို့ သေဆုံး

0
272

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း သြဒိဿ (Odisha)  ပြည်နယ်ထဲက ကူအာနာ မွန်ဒါ (Kuanrmunda) မှာရှိတဲ့ ဆင်တွေကို ထိန်းသိမ်းထားတဲ့ တောဝိုင်းထဲမှာ ဆင်နဲ့အတူ ဆယ်လ်ဖီဓာတ်ပုံ ရိုက်ဖို့ကြိုးစားရင်း အမျိုးသား တစ်ဦး သေဆုံး သွားခဲ့ပါတယ်။

အသက် ၅၀ အရွယ် အာရွှတ် ဘာရတီ (Ashok Bharti) ဆိုသူ အမျိုးသားဟာ အဲ့ဒီလို ဓာတ်ပုံ မရိုက်ကူးခင်မှာ အရက် သောက်ထားတယ်လို့  သစ်တော ၀န်ထမ်းတွေက ပြောပါတယ်။

အရက်မူးပြီး ဆင်နဲ့ ဆယ်လ်ဖီဓာတ်ပုံ သွားရိုက်ရာမှာ ဆင်လိုက်လို့ ထွက်ပြေးခဲ့ရတာ ဖြစ်ပါတယ်။  အဲ့ဒီလို ထွက်ပြေးရင်း ဆင်နင်းတာကို ခံခဲ့ရပြီး ဒဏ်ရာ များစွာရရှိကာ သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)