လက်ဘနွန်မှာ အမိုနီယံ နိုက်ထရိတ် ပေါက်ကွဲ၊ လူ ၇၀ ကျော်သေပြီး ၃၇၀၀ ဒဏ်ရာရ

0
542

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်ဆိပ်ကမ်းမှာ စိုက်ပျိုးရေးသုံး အမိုနီယံ နိုက်ထရိတ်တွေ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်လို့ လူ ၇၃ ဦး သေဆုံးပြီး တခြား လူ ၃၇၀၀ ဒဏ်ရာရကာ အနီးဝန်းကျင်က အဆောက်အဦးတွေပါ ပျက်စီးတာ၊ လှုပ်ခါတာတွေ ဖြစ်ခဲ့ပါတယ်။

သြဂုတ်လ ၄ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် မိုင်နဲ့ချီဝေးတဲ့ နေရာတွေမှာရှိတဲ့ အိမ်တွေက ပြတင်းတံခါးတွေတောင် ပျက်စီးခဲ့ပါတယ်။

ဆိပ်ကမ်း ဂိုထောင်ထဲမှာ နှစ်နဲ့ချီ သိုလှောင်ထားတဲ့ စိုက်ပျိုးရေး မြေသြဇာအဖြစ်သုံးတဲ့ အမိုနီယံ နိုက်ထရိတ် တန် ၂၇၅၀ ပေါက်ကွဲတာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အကုန်ပျက်စီးသွားတယ်လို့ လက်ဘနွန်ဝန်ကြီးချုပ် ဟာဆန် ဒီယက်က ပြောပါတယ်။

ဘေရွတ်မြို့လယ်မှာ အဆောက်အအုံတွေမီးလောင်တာ၊ မှန်ကွဲတွေ ပြန့်နေတာ၊ ဒဏ်ရာရပြီး သွေးအလူးလူးနဲ့လူတွေ ပြေးလွှားနေတာတွေ ဖြစ်ခဲ့ပြီး လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက လူ ၇၃ ဦး သေဆုံးကာ ၃၇၀၀ ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အခုပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တာဝန်ခံမှု ရှိရမယ်၊ ထိုက်သင့်တာ ပြန်ပေးဆပ်ရမယ်လို့ လက်ဘနွန် ဝန်ကြီးချုပ်က ပြောပါတယ်။

ပေါက်ကွဲမှုဟာ ပြင်းထန်လွန်းလို့ ဘေရွတ်တစ်မြို့လုံးသာမက နိုင်ငံငယ် တစ်ဝန်းလုံးပါ ကြားခဲ့ရပြီး မိုင် ၁၅၀ ဝေးတဲ့ မြေထဲပင်လယ် အရှေ့ပိုင်းက ဆိုက်ပရပ်စ်ကျွန်းဖြစ်တဲ့ နီကိုရှားကတောင် ကြားခဲ့ရပါတယ်။


_________________

_________________

လက်ဘနွန်မှာ အမိုနီယံ နိုက်ထရိတ် ပေါက်ကွဲ၊ လူ ၇၀ ကျော်သေပြီး ၃၇၀၀ ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်ဆိပ်ကမ်းမှာ စိုက်ပျိုးရေးသုံး အမိုနီယံ နိုက်ထရိတ်တွေ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်လို့ လူ ၇၃ ဦး သေဆုံးပြီး တခြား လူ ၃၇၀၀ ဒဏ်ရာရကာ အနီးဝန်းကျင်က အဆောက်အဦးတွေပါ ပျက်စီးတာ၊ လှုပ်ခါတာတွေ ဖြစ်ခဲ့ပါတယ်။

သြဂုတ်လ ၄ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီကျော်မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုကြောင့် မိုင်နဲ့ချီဝေးတဲ့ နေရာတွေမှာရှိတဲ့ အိမ်တွေက ပြတင်းတံခါးတွေတောင် ပျက်စီးခဲ့ပါတယ်။

ဆိပ်ကမ်း ဂိုထောင်ထဲမှာ နှစ်နဲ့ချီ သိုလှောင်ထားတဲ့ စိုက်ပျိုးရေး မြေသြဇာအဖြစ်သုံးတဲ့ အမိုနီယံ နိုက်ထရိတ် တန် ၂၇၅၀ ပေါက်ကွဲတာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အကုန်ပျက်စီးသွားတယ်လို့ လက်ဘနွန်ဝန်ကြီးချုပ် ဟာဆန် ဒီယက်က ပြောပါတယ်။

ဘေရွတ်မြို့လယ်မှာ အဆောက်အအုံတွေမီးလောင်တာ၊ မှန်ကွဲတွေ ပြန့်နေတာ၊ ဒဏ်ရာရပြီး သွေးအလူးလူးနဲ့လူတွေ ပြေးလွှားနေတာတွေ ဖြစ်ခဲ့ပြီး လက်ဘနွန် ကျန်းမာရေး ဝန်ကြီးဌာနက လူ ၇၃ ဦး သေဆုံးကာ ၃၇၀၀ ဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။

အခုပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တာဝန်ခံမှု ရှိရမယ်၊ ထိုက်သင့်တာ ပြန်ပေးဆပ်ရမယ်လို့ လက်ဘနွန် ဝန်ကြီးချုပ်က ပြောပါတယ်။

ပေါက်ကွဲမှုဟာ ပြင်းထန်လွန်းလို့ ဘေရွတ်တစ်မြို့လုံးသာမက နိုင်ငံငယ် တစ်ဝန်းလုံးပါ ကြားခဲ့ရပြီး မိုင် ၁၅၀ ဝေးတဲ့ မြေထဲပင်လယ် အရှေ့ပိုင်းက ဆိုက်ပရပ်စ်ကျွန်းဖြစ်တဲ့ နီကိုရှားကတောင် ကြားခဲ့ရပါတယ်။

ပေါက်ကွဲတဲ့ ဆိပ်ကမ်းအနီးမှာ နေထိုင်တဲ့ အသက် ၇၀ အရွယ် အငြိမ်းစား ကျောင်းဆရာ ယာဂါနီယန်က သူ အရာအားလုံးကို တွေ့ကြုံခဲ့ဖူးကြောင်း၊ အခုလို ပေါက်ကွဲမှုမျိုးတော့ ၁၉၇၅-၁၉၉၀ ပြည်တွင်းစစ်မှာတောင် မကြုံခဲ့ဖူးကြောင်း ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)