လျှာနဲ့ထိန်းချုပ်မယ့် ဘီးတပ်လှည်း ဂျပန်ပညာရှင်တွေတီထွင်

0
264

မေးစေ့မှာတပ်ဆင်ထားတဲ့ စီလီကွန်အပြားကိုအသုံးချပြီး အသုံးပြုသူက လျှာနဲ့ထိန်းချုပ်နိုင်မယ့် လျှပ်စစ်ဘီးတပ်ကုလားထိုင်တစ်မျိုး ကို ဂျပန်သုတေသီတွေက ဖန်တီးလိုက်ပါတယ်။

အဆိုပါဘီးတပ်ကုလားထိုင်ဟာ ယခင်အမျိုးအစားတွေထက် ပိုပြီး သန့်ရှင်းသလို ပိုပြီးလည်း သက်သောင့်သက်သာရှိမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အသုံးပြုသူအနေနဲ့ ထိန်းချုပ်မယ့်ကိရိယာကို ပါးစပ်ထဲထည့်ထားစရာမလိုအပ်ကြောင်း ဦးဆောင်တီထွင်ခဲ့ သူ  ဂျပန်အင်ဂျင်နီယာတက္ကသိုလ်တစ်ခုက လက်ထောက်ပါမောက္ခတစ်ဦး ဖြစ်တဲ့ မာကိုတိုဆာဆာကီက ပြောပါတယ်။

“ ပင်မအာရုံကျောစနစ်ပျက်စီးသွားပေမယ့် လျှာကို အသုံးပြုနိုင်သေးတဲ့သူတွေ အများကြီးရှိပါတယ်။ အပြင်းအထန်ဒုက္ခိတဖြစ် နေရတဲ့ သူတွေအတွက် အသုံးတည့်မှာဖြစ်တဲ့အတွက် ကျယ်ကျယ်ပြန့်ပြန့်ရောင်းချသွားမယ်” လို့ မာကိုတိုဆာဆာကီက ပြောပါတယ်။

ယခင်တုန်းက တီထွင်မှုတွေမှာ ထိန်းချုပ်တဲ့ကိရိယာကို ပါးစပ်ထဲထည့်ထားရတာကြောင့် သန့်ရှင်းမှုနဲ့ဆိုင်တဲ့ ပြဿနာတွေ ဖြစ် ပေါ်စေခဲ့ကြောင်း မစ္စတာမာကိုတိုဆာဆာကီက ပြောကြားခဲ့ပါတယ်။

ပိုပြီးသက်သောင့်သက်သာဖြစ်စေဖို့နဲ့ လမ်းမပေါ်မှာ အသုံးပြုနိုင်ဖို့အတွက် စမ်းသပ်မှုတွေ ဆက်လက်ပြုလုပ်နေကြောင်းလည်း သိရှိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)