သမ္မတထရန့်နဲ့ ဘယ်တုန်းကမှ မပတ်သတ်ခဲ့ကြောင်း ရုရှားသမ္မတပူတင်ပြောကြား

0
269

ရုရှားသမ္မတ ဗလာဒီမာပူတင်က သူ့အနေနဲ့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်နဲ့ ဘယ်လို ပတ်သက်မှုမျိုးမှ မရှိသလို ဘယ်တုန်း ကမှလည်း မတွေ့ဆုံခဲ့ဖူးကြောင်း ပြောကြားလိုက်ပါတယ်။

ဒေါ်နယ်ထရန့်ရဲ့ အတွင်းလူတွေနဲ့ ရုရှားဆက်နွယ်မှုရှိနိုင်ပြီး အမေရိကန်ရဲ့နိုင်ငံရေး ကို လှုပ်ခတ်စေခဲ့တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ချက်တွေ အပေါ် မော်စကိုအစိုးရ က နောက်ဆုံးအကြိမ်ငြင်းပယ်ခဲ့တဲ့ မှတ်ချက်စကားပဲဖြစ်ပါတယ်။

“ ဒါဟာ ဘယ်လိုမှအဓိပ္ပါယ်မရှိတဲ့အချက်ပါပဲ၊ လုံးဝပတ်သက်မှုမရှိခဲ့ပါဘူး” လို့ သမ္မတပူတင်က မနေ့ညပိုင်းမှာ အမေရိကန်ရုပ် သံသတင်းဌာနတစ်ခုနဲ့တွေ့ဆုံမှုမှာ ပြောကြားခဲ့တာပါ။

အဆိုပါပြဿနာဟာ ယခုရက်သတ္တပတ်အတွင်း ၀ါရှင်တန်မှာ အဓိက ဆွေးနွေးမယ့် ကိစ္စတစ်ခု ဖြစ်နေပါတယ်။ မစ္စတာထရန့်က စီးပွားရေးသမားအနေနဲ့ ရုရှားနိုင်ငံကို လာရောက်ခဲ့ဖူးတာရှိပေမယ့် ဘယ်တုန်းကမှ တွေ့ခဲ့ဖူးခြင်းမရှိကြောင်း သမ္မတပူတင်က အခိုင်အမာပြောဆိုခဲ့တာဖြစ်ပါတယ်။

ထရန့်က ရုရှားနဲ့ဆက်နွယ်မှုကို အက်ဖ်ဘီအိုင်က စစ်ဆေးမှုဟာ သူ့ရဲ့ ၂၀၁၆ခုနှစ် ရွေးကောက်ပွဲ အောင်ပွဲရဲ့တရားဝင်မှုကို သေးသိမ်အောင်လုပ်ချင်လို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ထရန့်အနိုင်ရရေးအတွက် မော်စကိုအစိုးရနဲ့ ဆက်နွယ်တဲ့ ဟက်ကာတွေက နောက်ကွယ်ကနေ လုပ်ဆောင်ခဲ့ကြောင်း အက်ဖ်ဘီအိုင် အပါအ၀င် အမေရိကန် ထောက်လှန်းရေး အေဂျင်စီတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ ကောက်ချက်ချခဲ့ ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)