တရုတ်နိုင်ငံထုတ်  တိုက်လေယာဉ်  FTC-2000  စမ်းသပ်ပျံသန်း

0
402

တရုတ်နိုင်ငံနိုင်ငံက   ထုတ်လုပ်လိုက်တဲ့  တိုက်လေယာဉ်  FTC-2000 ကို  စမ်းသပ်ပျံသန်းမှုတွေ ဒီကနေ့မှာ ပြုလုပ် ခဲ့ပါတယ်။

အဲ့ဒီ တိုက်လေယာဉ်ကို  တရုတ်နိုင်ငံလေကြောင်း စက်မှုဇုန်လက်အောက်က Guizhou Aviation Aircraft ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး  တိုက်ခိုက်ရေးလုပ်ငန်းစဉ်တွေဖြစ်တဲ့ စစ်ရေးဆိုင်ရာ လေ့ကျင့်ရေး၊ လေကြောင်း တိုက်ခိုက်မှု နဲ့ လေကြောင်း-မြေပြင် ပူးပေါင်းတိုက်ခိုက်ရေး အစီအစဉ်တွေမှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အဲ့ဒီတိုက်လေယာဉ်တွေမှာ တိုက်ခိုက်ရေးတွေ ပြုလုပ်နိုင်ဖို့ လက်နက်စနစ် ၊ လူ နဲ့ကွန်ပျူတာချိတ်ဆက် ကာ တိုက်ခိုက်ရေးပစ္စည်းတွေကို ထိန်းချုပ်တဲ့ စနစ်တွေပါရှိပါတယ်လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

နောက်ထပ်လည်း အဲ့ဒီလေယာဉ်ကို  နည်းပညာပိုင်း – ပံ့ပိုးမှုအပိုင်းတွေမှာပါ အကောင်းဆုံး ရွေးချယ် ထုတ်လုပ်ထားပြီး နိုင်ငံတကာဈေးကွက်ထဲမှာတောင် အကောင်းဆုံးဖြစ် လာနိုင်တယ် လို့ထပ်မံပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)