ဘေလီအဝေးပြေးလမ်းမပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး ၂၂ ဦး သေဆုံး

0
250

အိန္ဒိယနိုင်ငံ က အဝေးပြေးလမ်းမပေါ် မှာ ခရီးသယ်တင် ကားတစ်စီး ဒီကနေ့မနက်အစောပိုင်းက မတော်တဆမှု ဖြစ်ပွားကာ အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး  ၂၅ ဦး ဒဏ်ရာရရှိခဲ့တဲ့အထဲက ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သူ ၆ ဦးကို နီးစပ်ရာ ဆေးရုံကို ပို့ ဆောင်ပေးထားခဲ့ပါတယ်။

ဒီကနေ့မနက်အစောပိုင်း ၁ နာရီလောက်က ခရီးသယ်တင် ဘတ်စ်ကားဟာ ရှေ့ကလာတဲ့ ကားနဲ့ တိုက်မိပြီး မီးလောင်ကျွမ်း မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။  အဲ့ဒီဘတ်စ်ကားဟာ ခရီးသည် ၄၁ ဦး တင်ဆောင်ပြီး ဒေလီမြို့က ထွက်ခွာလာခဲ့စဉ်မှာ ဘန်ဒါမြို့ အနီးက အဝေးပြေးလမ်းမပေါ်မှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။

ခရီးသည်တင် ဘတ်စ်ကားမောင်းတဲ့  ဒရိုင်ဘာက သေဆုံးခဲ့ပြီး တစ်ဖက်က ထွက်ပြေး လွတ်မြောက် သွားခဲ့တဲ့ ကုန်ကားမောင်းတဲ့ ဒရိုင်ဘာ ကို ရှာဖွေနေ တယ်လို့  ရဲအရာရှိတစ်ဦးကေ ပြာပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)