လန်ဒန် တံတားပေါ် အကြမ်းဖက်မှု လူသတ်သမားတွေကို စုံစမ်းဖော်ထုတ်နိုင်ပြီ

0
253

လူ ၇ ဦးသေဆုံးပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က လူသတ်သမား ၃ ဦးရဲ့ ဇစ်မြစ်ကို သိရှိပြီးဖြစ်ကြောင်းနဲ့ မကြာခင်မှာ အမည်တွေကို ထုတ်ဖော်မှာဖြစ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။

လန်ဒန်တံတားပေါ်မှာ စနေနေ့ ဇွန်လ ၃ ရက်နေ့ ညပိုင်းက ဗန်ကားတစ်စီးနဲ့ ပလက်ဖောင်းပေါ်က လမ်းသွား လမ်းလာတွေကို ၀င်တိုက်ခဲ့ပြီးနောက်မှာ ဘိုရုဂ်လမ်းပေါ်က လူတွကိုလည်း ဓားနဲ့ထိုးခဲ့ကြသူတွေကို ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ မိမိတို့ လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့က ပြောဆိုခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းမှာ လန်ဒန်ရဲတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ အမှုနဲ့ဆက်နွယ်နေတဲ့ လန်ဒန်အရှေ့ပိုင်းက လိပ်စာနှစ်ခုနဲ့ ကာကင်းမြို့ နယ်က လိပ်စာတစ်ခုကို မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က လိုက်လံစုံစမ်းနေကြောင်း သိရှိရပါတယ်။

လူအတော်များများကိုလည်း အဆိုပါအကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ထိန်းသိမ်းထားကြောင်း စကော့တလန်ယာ့ဒ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ ပါတယ်။

တိုက်ခိုက်သူတစ်ဦးရဲ့ နေအိမ်လို့ ယူဆရတဲ့ တိုက်ခန်းကို ၀င်ရောက်စီးနင်းမှု ပြုလုပ်ရာမှာ လူ ၁၂ ဦးကို ဖမ်းဆီးထားကြောင်းလည်း သိရှိရပါတယ်။ အဲဒီဖမ်းဆီးခံရမှုမှာပါဝင်ခဲ့သူ အသက် ၅၅ နှစ်အမျိုးသားကိုတော့ အမှုနဲ့ မသက်ဆိုင်တာကြောင့် ချက်ချင်းပြန် လွှတ်ပေးခဲ့ပါတယ်။

လန်ဒန်မှာ သုံးလအတွင်း သုံးကြိမ်တိုင်တိုင် ထိခိုက်လွယ်တဲ့ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ပြီး အချို့လူတွေရဲ့ စိတ်ထဲမှာ ဒီဖြစ် စဉ်က ပုံမှန်ဖြစ်စဉ်အသစ်တစ်ခုလို ဖြစ်လာနေပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်တွေရဲ့ ကြမ်းတမ်းရိုင်းစိုင်းတဲ့ ရည်ရွယ်ချက်ကတော့ တခြား ဥရောပဒေသတွေမှာ ဂျီဟတ်သမားတွေ ထားတဲ့ ရည်ရွယ်ချက်အတိုင်း ပစ်မှတ်ကို ထိခဲ့တယ်လို့ ဆိုရမှာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)