တောင်ကိုရီးယား အမျိုးသားလေးဦးမှာ တစ်ဦးနှုန်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်ခံနေရ

0
307

တောင်ကိုရီးယားနိုင်ငံရှိ အမျိုးသား လေးဦးမှာ တစ်ဦးနူန်း လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံနေရပြီး လွန်ခဲ့တဲ့ခြောက်လအတွင်း တစ်ပတ်ကိုအနည်းဆုံးတစ်ကြိမ်ခံနေရကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြပါတယ်။

သက်မွေးမှုဆိုင်ရာပညာရေးနဲ့ လေ့ကျင့်သင်ကြားရေး ကိုရီယားသုတေသန အင်စတီကျုရဲ့ ယနေ့ဖော်ပြချက်အရ လုပ်ငန်းကဏ္ဍ ၁၅ ခုက ၀န်ထမ်းပေါင်း ၃ ထောင်ခန့်ကို စစ်တမ်းကောက်ယူခဲ့ရာ သုံးပုံတစ်ပုံက လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုခံနေရကြောင်း သိရှိရပါတယ်။

အမျိုးသမီးတွေ လုပ်ငန်းခွင်အတွင်း အဲဒီလိုထိပါးနှောက်ယှက်ခံရမှုနူန်းက ၃၄ ဒသမ ၄ ရာခိုင်နူန်းရှိပြီး အံ့အားသင့်စရာကောင်းတဲ့ အ ချက်ကတော့ အမျိုးသားဝန်ထမ်းတွေ နှောက်ယှက်ခံရနူန်းက ၂၅ ရာခိုင်နူန်းရှိနေတဲ့အချက် ဖြစ်ပါတယ်။

အမျိုးသားတွေကို စစ်တမ်းကောက်ယူရာမှာ ညစ်ညမ်းဟာသတွေ၊ ဗီဒီယိုဖိုင်တွေ၊ ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ဂ်ပေးပို့မှုတွေကိုပါ ထည့်သွင်းမေးမြန်းခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါအင်စတီကျုရဲ့ပြောရေးဆိုခွင့်ရှိသူက အမျိုးသား၊ အမျိုးသမီးမရွေး လိင်ပိုင်ဆိုင်ရာ နှောက်ယှက်မှုတွေကို လုပ်ငန်းခွင်မှာ တွေ့ကြုံခံစားနေရတာကို သတိမှုသင့်ပြီး ခံစားနေရသူတွေအတွက် ကူညီပေးဖို့ လိုအပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)