ကင်းမြီးကောက်တွေနဲ့ အတူနေပြီး ထိုင်းနိုင်ငံသူ ဂင်းနစ်စံချိန် တင်

0
268

ထိုင်းနိုင်ငံသူ  အမျိုးသမီးတစ်ဦးဟာ  သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ သွားလာနေထိုင်နေတဲ့ ကင်းမြီးကောက်ပုံတွေနဲ့ နာမည်ကြီး နေပါတယ်။  သူမဟာ ပါးစပ်ထဲကနေ ကင်းမြီးကောက်တွေ ထုတ်ပြခဲ့သလို သူမရဲ့မျက်နှာ တစ်လျှောက် မှာလည်း ကင်းမြီးကောက်တွေ သွားလာနေပါတယ်။

ကန်ချနာ ကေ့ကဲအို လို့ အမည်ရှိတဲ့ သူမကို ထိုင်းနိုင်ငံသားတွေက ကင်းမြီးကောက် ဘုရင်မ (scorpion queen) လို့ တင်စားခေါ်ကြပြီး အဆိပ်ပြင်းလွန်းလှတဲ့ ကင်းမြီးကောက်တွေနဲ့ နေထိုင်ရတာ ကြောက်စရာ မဟုတ်ဘူးလို့ သူမက ပြောပါတယ်။

သူမရဲ့ ပါးစပ်ထဲမှာ ကင်းမြီးကောက်တွေကို ၃  သုံးမိနစ် ၂၈ စက္ကန့်  ထားနိုင်တဲ့သူဖြစ်ပြီး  ဂင်းနစ်စံချိန်ဆု နှစ်ခု ရရှိထားသူလည်း ဖြစ်ပါတယ်။

သူမဟာ ၁၂ မီတာ ပတ်လည်ရှိတဲ့ မှန်ခန်းထဲမှာ ကင်းမြီးကောက် ၅ ထောင်နဲ့ ၃၃ ရက်ကြာ နေပြခဲ့ပါတယ်။ ကေ့ကဲအိုဟာ ကမ္ဘာကျော် ယုံချင်ယုံ၊ မယုံချင်နေ ရစ်ပလေ အစီအစဉ်ရဲ့ သံတမန်တစ်ဦးလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)